နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လေလုံးထွားတဲ့ ဗီဒယ်ပရိသတ်တွေ ဝိုင်းဝုန်းလိုက်တာ မရှူနိုင်မကယ်နိုင်တော့

 ဩဂုတ်  ၁၈


ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ မထင်မှတ်တဲ့ရလဒ် တွေနဲ့အတူ ဘာစီလိုနာကို ဘိုင်ယန်မြူးနစ်တို့က ၈-၂ ဆိုတဲ့ရလဒ်နဲ့အနိုင်ယူသွားခဲ့ပါပြီ။


ဒီပွဲမတိုင်ခင်ကတော့ ဘာစီလိုနာကွင်းလယ်ကစားသမားကြီး ဗီဒယ်က ဘိုင်ယန်ကိုပွဲမစခင်သတိပေးလိုက်တာက ဘိုင်ယန်တို့ကမ္ဘာ့အကောင်းအဆုံးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်းကြုံးဝါးပြောဆိုခဲ့ပါတယ်။ နောက်ထပ်ပြီး ဘိုင်ယန်အနေနဲ့ ဂျာမန်ကလပ်တွေနဲ့ရင်ဆိုင်ရမှာမဟုတ် ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ ဘာစီလိုနာနဲ့ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်ပွဲကစားအပြီးမှာတော့ ဘိုင်ယန်တို့က ၈-၂ နဲ့ ဂိုးအပြတ်နိုင်ခဲ့ပါတယ်။


ဘိုင်ယန်က သောမတ်မူလာနဲ့ ကော်တင်ဟိုတို့က နှစ်ဂိုးစီ၊ ပါရီဆစ်၊ နာဘရီ၊ လီဝန်ဒေါစကီးနဲ့ကင်မစ်တို့က တစ်ဂိုးစီသွင်းယူကြပြီး အနိုင်ကစားခဲ့တာကြောင့် စပိန်ကလပ် ဘာစီလိုနာ၊ ကမ္ဘာ့အကောင်းဆုံးအသင်းပါလို့ ဗီဒယ်နဲ့ဘာစီလိုနာတို့ မရှုမလှရှုံးနိမ့်ခဲ့ရပြီး လေထွားလွန်း တဲ့ ဗီဒယ်ရဲ့ပါးစပ်ပေါက်လည်း ပိတ်သွားပါတော့တယ်။


ဒါကြောင့်လည်း ပွဲအပြီး ပရိသတ်တွေက “ဂျာမန် ဘီလူးကြီးရဲ့ဒေါသကို ဗီဒယ်သွားစခဲ့လို့ ဖျက်ဆီးခံခဲ့ရတဲ့ ဘာစီလိုနာ”၊ “နောက်တစ်ခါဆိုရင် ပွဲကစားပြီးမှ ပြောသင့်တယ်”စတဲ့ စကားလုံးတွေနဲ့ ပရိသတ်တွေကလှောင်ပြောင်ခဲ့ကြပါတယ်။ ဗီဒယ်တစ်ယောက် ခေါင်းမထောင်ရဲလောက်အောင် အဖြစ်ဆိုးခဲ့ရပါတယ်။ ပွဲမစခင်က သူတို့သာ ကမ္ဘာ့အကောင်းဆုံးအသင်းဆိုတာ ပြသဖို့ကြုံဝါးရင်း အဖြေကတော့ ဘိုင်ယန်ကသာ ကမ္ဘာ့အကောင်းဆုံအသင်းဆိုတာကိုပြသသွားပါတယ်။
                                                                                                    

(SO)






အခြားဆက်စပ်သတင်းများ