နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ရန်ကုန်တိုင်းဒေသကြီး၌ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP)အရ မိုးစပါးမျိုးစေ့ထုတ် ဧက ၅၉၀၀ ကျော် စိုက်ပျိုးဆောင်ရွက်သွားမည်

ရန်ကုန်  ဩဂုတ်  ၁၇


စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်(CERP)အရ မိုးစပါးမျိုးစေ့ထုတ်စိုက်ဧရိယာအဖြစ် ရန်ကုန်တိုင်း ဒေသကြီး၊ ကော့မှူးမြို့နယ်တွင် ၃၈၃ ဧက၊ ကွမ်းခြံကုန်းမြို့နယ်တွင် ၄၅၂ ဧကအပါအဝင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ (CERP) မိုးစပါးမျိုးစေ့ထုတ် ၅၉၂၉ ဧကစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌  မိုးစပါးစိုက်ပျိုးဧကစုစုပေါင်း ၁၁၉၀ဝ၀ဝ       ဧကစိုက်ပျိုးရန်လျာထားဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ဧကကိုးသိန်းကျော်စိုက်ပျိုးပြီးဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  သြဂုတ် ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ မကျီးတန်းဘက်စုံအဆင့်မြင့် နည်းပညာ သုံး စံပြကျေးရွာ မိုးစပါးမျိုးစေ့ထုတ် တောင်သူများကိုတွေ့ဆုံ၍ COVID ကာလဖြတ်ကျော်ရေးလုပ်ငန်းစဉ်များ နှင့်  လယ်ယာကဏ္ဍဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ကွမ်းခြံကုန်းမြို့နယ် တောကျောင်းကျေးရွာ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများကို ကြည့်ရှုအားပေးကြပြီး တောင်သူများအတွက် CERP ထောက်ပံ့ငွေများကို ပြည်ထောင်စုဝန်ကြီးက ထောက်ပံ့ပေးအပ်ခဲ့ရာ တောင်သူကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။ ထို့နောက် ကော့မှူးမြို့နယ်၊ စက်မှုလယ်ယာစခန်း၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် CERP အရ ငါးမွေးတောင်သူများအတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ရာ ငါးမွေးတောင်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက လက်ခံရယူခဲ့သည်။ ထို့အပြင် ကျေးရွာမတည်ရန်ပုံငွေ (VRFP)စီမံကိန်းကျေးရွာ(၈)ရွာနှင့် Cash for Work စီမံကိန်း ကျေးရွာ ၁၀ ရွာ အတွက်ရန်ပုံငွေများကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။                                             


ကိုသာစစ်






အခြားဆက်စပ်သတင်းများ