နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်

ရန်ကုန်   ဩဂုတ်  ၁၇


မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသကဲ့သို့ ရာသီဥတုမျှတသဖြင့် နေချင်စဖွယ်ကောင်းသော နိုင်ငံ ဖြစ်သည်။ ယခုအခါ သစ်တော၊ သစ်ပင်လျော့နည်းလာပြီး သဘာဝပြောင်းလဲလာသဖြင့် ဥတုရာသီဖောက်ပြန်မှု များနှင့် ကြုံတွေ့လာရသည်။ မိုးခေါင်ခြင်း၊ မိုးများခြင်း၊ ပူပြင်းမှုကာလရှည်လျားခြင်း၊ ဆောင်းကာလတိုခြင်းကို ကြုံတွေ့နေရသည်။ ယခုနှစ်မိုးရားသီတွင် မိုးရွာသွန်းမှုနည်းပါခြင်းကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချစီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက်ထိန်းသိမ်းထား သော ရေတမံအများစုတွင် သိုလှောင်ရေပမာဏလျော့နည်းကျဆင်းလျက်ရှိသည်။

မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ပုံမှန်မိုးစပါးစိုက်ပျိုးရေ ပေးဝေရန်မလိုအပ်သည့် မိုးကောင်းသောဒေသ များတွင်လည်း ဖြည့်စွက်ရေကို ပေးဝေနေရသည့်အခြေအနေဖြစ်ပေါ်နေသည့် သစ်တောများ ပြုန်းတီးမှုဖြစ်ပေါ် စေသည့် အဓိကအကြောင်းအရင်းမှာ သစ်ဝါးအလွန်အကျွံခုတ်ယူခြင်း၊ သတ္တုနှင့်တွင်းထွက်များတူးဖော်ခြင်း၊            စိုက်ပျိုးမြေများချဲ့ထွင်ခြင်းနှင့် လောင်စာအတွက် ထင်းနှင့် မီးသွေးထုတ်ယူခြင်းသည်လည်း အဓိကပါဝင်သည်။ ယခုအခါ သဘာဝသစ်တောများသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြုန်းတီးလာကြောင်း သိရသည်။ နိုင်ငံ၏ လူဦးရေမြို့ပြလူ့အသုံးအဆောင်နှင့် စက်မှုလုပ်ငန်းများ တစ်နေ့တခြားတိုးပွားလျက်ရှိသည်။

သဘာဝသစ်တောများ ကာကွယ်ထိန်းသိမ်းရန်ခက်ခဲလာသည်။ အဘယ်ကြောင့်ဆိုသော် ကျေးရွာအများစုက  နေ့စဉ်သုံးလောင်စာအတွက် ထင်းနှင့်မီးသွေးကို သစ်တောများမှ ထုတ်ယူခြင်းကြောင့် ဖြစ်သည်။ ဥတုရာသီ၏ အဓိကအားပြုရာဖြစ်သည့် သစ်တော၊ သစ်ပင်လျော့နည်းလာပြီး သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာသဖြင့်  ရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံတွေ့နေရသည်က အမှန်ပင်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်စောင့်ရှောက်ရေး လုပ်ငန်းတစ်ရပ်အဖြစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲများ ဆောင်ရွက် လျက်ရှိသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဩဂုတ် ၁၅ ရက်တွင် မင်္ဂလာဒုံမြို့နယ် လှော်ကားရေဝေရေလဲဒေသတွင် ရန်ကုန်တိုင်းဒေသကြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို တက်ရောက်၍ သစ်ပင်စိုက်ပျိုးပေးခဲ့သည်။ မြန်မာနိုင်ငံတွင် သစ်တောဖုံးလွှမ်းမှုမှာ လက်ရှိကာလတွင် ၂၄ ရာခိုင်နှုန်းသာ ကျန်တော့သည်ဟု သတင်းများတွင် တွေ့နေရသော်လည်း တစ်အုပ်တစ်မသစ်တောများ စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို အထောက်အကူပြုသည်ဟု ဆိုချင်ပါကြောင်း။






အခြားဆက်စပ်သတင်းများ