နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုသိမ်ခရိုင်၌ လွှတ်တော်အသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာ စိစစ်ခြင်းပြီးစီး

ပုသိမ် ဩဂုတ် ၁၇


၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုင်ဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည် ဖြစ်သည်။ ယခုအခါ နိုင်ငံရေးပါတီများ၊ တစ်သီးပုဂ္ဂလလူပုဂ္ဂိုလ်များက သက်ဆိုင်ရာခရိုင်ကော်မရှင်အဖွဲ့ခွဲရုံး များတွင် ကိုယ်စားလှယ်အမည်စာရင်းများကို တင်သွင်းကြပြီးဖြစ်သည်။

ပုသိမ်ခရိုင်ကော်မရှင်အဖွဲ့ခွဲတွင် ပုသိမ်ခရိုင်အတွင်း၌ ပြည်သူ့လွှတ်တော် ၇ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၁၄ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၆၀ ဦးက ပါဝင်ယှဉ်ပြိုင် အရွေးခံရန်အတွက် ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးတွင် အမည်စာရင်းတင်သွင်းထားပြီး၊ ကိုယ်စားလှယ်လောင်းစိစစ် ခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်များ၊ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ ဥပဒေပုဒ်မ ၈၊ ၉၊ ၁၀ တို့နှင့်အညီ စိစစ်အတည်ပြုပေးခြင်းဖြစ်ကြောင်းနှင့် ကိုယ်စားလှယ်လောင်းအမည် စိစစ်ခြင်းကို ဩဂုတ် ၁၁ ရက် မှ ဩဂုတ် ၁၇ ရက်အထိ စိစစ်ကြရာ ယခုအခါ စိစစ်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။ ပုသိမ်ခရိုင်အတွင်းတွင် အခြေစိုက်နိုင်ငံရေးပါတီ ၂၁ ခုရှိကြောင်းနှင့် ပုသိမ်ခရိုင်တွင် ဇူလိုင် ၂၅ ရက် စာရင်းအရ ရပ်ကွက် ၇၁၊ ကျေးရွာအုပ်စု ၅၁၇၊ ကျေးရွာပေါင်း ၅၈၈၊ မဲရုံပေါင်း ၁၂၇၆ ရှိကာ၊ အသက် ၁၈ နှစ်ပြည့် ပြီးသူ ကျား ၅၆၅၈၁၁ ဦး၊ မ ၆၁၁၉၁၅ ဦး စုစုပေါင်း ၁၁၇၇၇၂၆ ဦးရှိကြောင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မောင်မောင်မြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ