နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွမ်းသီးပင်ဘုတ်ဖတ်များဖြင့် ပြုလုပ်သော တစ်ခါသုံးလူသုံးကုန်ပစ္စည်းများ ရောင်းအားကျ

ရန်ကုန်၊  ဩဂုတ်  ၁၇


ယခု COVID-19 ကူးစက်ကာလတွင် ပြည်တွင်း၌ ကွမ်းသီးပင် အခက်အလက်အရင်းမှ ဘုတ်ဖတ်များဖြင့် ပြုလုပ်သောတစ်ခါသုံး လူသုံးကုန်ပစ္စည်းများ ရောင်းအားကျလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွမ်းသီးပင်ဘုတ်ဖတ်များဖြင့် ပြုလုပ်ထားသော တစ်ခါသုံးခွက်များနှင့် တစ်ခါသုံးပန်းကန်များကို ဟိုတယ်များ၊ စားသောက်ဆိုင်များ၊အလှူပွဲများတွင် အသုံးပြုရန် ဝယ်ယူကြသလို တစ်ဆင့်ပြန်ရောင်းသူများ ကလည်း မှာယူကြကြောင်း၊ ယခုအခါ ဟိုတယ်များ၊ စားသောက်ဆိုင်များအနေနှင့် လုပ်ငန်းများ ပုံမှန် မလည်ပတ်နိုင်သေးသလို အလှူပွဲများလည်း မပြုလုပ်ကြခြင်းကြောင့် ထိုပစ္စည်းများ ရောင်းအားကျလျက်ရှိ ကြောင်း သိရသည်။

ထို့အပြင် ယခုအခါ မိုးတွင်းကာလဖြစ်သောကြောင့် ဘုတ်ဖတ်ကုန်ကြမ်းများတွင် အစိုဓာတ်များသဖြင့် ကုန်ချောပစ္စည်းများ ထုတ်လုပ်ရာ၌ အဆင်မပြေမှုများ၊ အချိန်ကြန့်ကြာမှုများရှိလာကြောင်း၊ အဆိုပါ ဘုတ်ဖတ်အသုံးပြုသော တစ်ခါသုံးလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင်ခြောက်သွေ့သော ဘုတ်ဖတ် ကုန်ကြမ်းများ အဓိကလိုအပ်ကာ အစိုဓာတ်ရှိပါက မှိုတက်ခြင်း၊ ဖားဥတက်ခြင်းများ အလွယ်တကူ ဖြစ်ပေါ်နိုင် ကာ ကြာရှည်စွာအထားမခံကြောင်း သိရသည်။

ပြည်တွင်း၌ သုံးစွဲနေသော တစ်ခါသုံးဖော့ဘူး၊ ဖော့ခွက်များကို ပြန်လည်စွန့်ပစ်သောအခါ အလွယ်တကူ မဆွေးမြည့်သွားသည့်အတွက် ရေမြောင်းပိတ်ဆို့မှုများ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေသောကြောင့်  ယခုကဲ့သို့ ဘုတ်ဖတ်အသုံးပြု၍ တစ်ခါသုံးခွက်များနှင့် တစ်ခါသုံးပန်းကန်များ တီထွင်ထုတ်လုပ် ရောင်းချလာကြ ခြင်းဖြစ်ပြီး ယခုအခါ ပြည်တွင်းရှိ တိုင်းဒေသကြီးအချို့တွင် ဘုတ်ဖတ်အသုံးပြု၍ တစ်ခါသုံးလူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သောလုပ်ငန်းများ လုပ်ကိုင်လာကြကြောင်း သိရသည်။

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ