နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် ၆ လမှ ၅ နှစ်ရှိ ကလေးများကို ဗီတာမင်အေနှင့် သန်ချဆေးများ တိုက်ကျွေး

ရန်ကုန်၊  ဩဂုတ်  ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို COVID-19 ဖြစ်ပွားနေစဉ်ကာလများ အတွင်း ခေတ္တရပ်နားထားခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၁ ရက်မှစတင်ကာ ရပ်ကွက် ၂၀ တွင် စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ဩဂုတ် ၁၆ ရက် နံနက် ၉ နာရီမှစတင်ကာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေးအနောက်ရပ်ကွက်ရှိ အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမများနှင့် ရပ်ကွက်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှ တာဝန်ရှိသူများ ပူးပေါင်းကာ ဗီတာမင်အေ (မျက်လုံးအားဆေး)နှင့် သန်ချဆေးများ တိုက်ကျွေးခဲ့ရာ  COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကလေးနှင့်မိဘများအား Mask များတပ်ဆင်ရန်နှင့် Social Distancing ဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရစဉ်။

ချစ်စုဝေ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ