နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID -19 ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များထွက်ခွာ

နေပြည်တော် ၊ ဧပြီ ၁၉ တပ်မတော်အနေဖြင့် ကမ္ဘာ့ကပ်ရောဂါ ( COVID -19) မြန်မာနိုင်ငံတွင် စတင်မဖြစ်ပွားမီကပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်ဖြင့် တစ်နိုင်ငံလုံးရှိ တပ်မတော်ဆေးရုံများတွင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခြင်း၊ ဆေးနှင်ဆေးပစ္စည်းများလှူဒါန်းခြင်း ၊ ကာကွယ်စျေးများဖြန့်ခြင်းနှင့် ကျန်းမာရေးအသိပေးခြင်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ဆောင်ရွက်ပေးခဲ့ပြီး လက်ရှိတွင်လည်း COVID-19ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးကုသုရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်လျက်ရှိကာ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် ဖွင့်လှစ်ဆောင်ရွက်မည့် COVID -19 ရောဂါကုသရေးဌာန (ဖောင်ကြီး) တွင်လည်း တပ်မတော်မှ ဆေးတပ်ဖွဲ့ဝင်များက ပါဝင်ကူညီပြီး ထာဝန်ထမ်းဆောင်သွားမည်ဖြစ်သည်။ အဆိုပါ COVID -19 ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များနှင့် ဆေးရုံတပ်မှူးကြီးများအား ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်ခန်းမတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သက်ပုံက သွားရောက်တွေ့ဆုံအမှာစကားပြောကြားသည်။ ယင်းနောက် တာဝန်ထမ်းဆောင်မည့် ဆေးတပ်ဖွဲ့ဝင်များ ကိုယ်စား အဖွဲ့ဝင်တစ်ဦးက သွားရောက်မည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကာ တိုင်းမှုးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ည်။ COVID -19 ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တာဝန်ထမ်းဆောင်ကြမည့် တပ်မတော်ဆေးကုသမှုပါရဂူ ၁၂ ဦး ၊ ဆေးမှူးဆရာဝန် ၁၀ ဦး ၊ အထက်တန်းသူနာပြု ၁၄ဦး ၊ဓာတ်ခွဲကျွမ်းကျင် ၂ ဦး၊ ဓာတ်မှန်ကျွမ်းကျင် ၂ ဦး စုစုပေါင်း ၄၀ ဦးတို့သည် အများပြည်သူများ အခက်အခဲကြုံတွေ့ပြီး စိုးရိမ်မှုများမြင့်တက်နေချိန်တွင် ကာကွယ်ကုသရေးတာဝန်များကို ထမ်းဆောင်ရန် ၄င်းတို့ကိုယ်တိုင်ဆန္ဒပြုခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ အဖွဲ့သည် ယနေနံနက် ၉ နာရီတွင် တပ်မတော်ဆေးတက္ကသိုလ်မှ စတင်ထွက်ခွာခဲ့ပြီး နံနက် ၁၁ နာရီတွင် COVID -19 ရောဂါကုသရေးဌာန (ဖောင်ကြီး)သို့ ရောက်ရှိကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာဦးကိုကိုနိုင်နှင့် အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြကြောင်း သိရသည်။ Source: ကကပြည်






အခြားဆက်စပ်သတင်းများ