နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြောင်းဖူးကို တစ်နှစ်ပတ်လုံး ထိုင်းနိုင်ငံသို့တင်ပို့နိုင်ရန်စီစဉ်

  ရန်ကုန်  ဩဂုတ်  ၁၇


ပြည်တွင်းထွက် ပြောင်းသီးနှံ(ပြောင်းဖူး)ကို ထိုင်းနိုင်ငံသို့ တစ်နှစ်ပတ်လုံးတင်ပို့နိုင်ရန် ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်းကို  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက “ထိုင်း နိုင်ငံရဲ့ ပြောင်းတင်ပို့မှုကန့်သတ်ချက်မှာ နှစ်စဉ် ဖေဖော်ဝါရီလမှ သြဂုတ်လအထိ Duty Free,Quota Free ခွင့်ပြု ထားပါတယ်။ ထိုင်းနိုင်ငံသို့ ပြောင်းကို တစ်နှစ်ပတ်လုံးတင်ပို့ခွင့်ရရှိရေးအတွက် ထိုင်းနိုင်ငံ Public Ware- house Organization –PWO နဲ့ ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်"ဟု ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက ကျင်းပ ခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။


ပြောင်းတင်ပို့မှုသည် လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၂၄ ရက်အထိ တန်ချိန် ၂ ဒသမ ၁၅ သန်းကျော်တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ် ကာလတူထက် တန်ချိန် ၈ ဒသမ ၇ သိန်း ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ ပြောင်းတင်ပို့မှုတွင် ယခင်က တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် အများဆုံးတင်ပို့နေရာမှ လက်ရှိဘဏ္ဏာနှစ်တွင် ထိုင်းနိုင်ငံသို့ နယ်စပ်မှ တစ်ဆင့် တန်ချိန် ၁ ဒသမ ၄ သန်း ၊ ပင်လယ်ရေကြောင်းမှ တန်ချိန် ၆ သိန်းခန့် တင်ပို့နိုင်ခဲ့သည့်အတွက်  ဈေးကွက်ချဲ့ထွင်နိုင်ခဲ့ပြီဖြစ်သည်။


ယခုဘဏ္ဏာနှစ်တွင် တန်ချိန် ၂ ဒသမ ၁၅ သန်းကျော်အထိ တင်ပို့နိုင်ခဲ့သည့်အတွက် ပြည်တွင်းမှာ လက်ကျန်နည်းပါးနေပြီး ပြည်တွင်းမွေးမြူရေးလုပ်ငန်းများအတွက် ပြည်ပမှပြန်လည်တင်ပို့ရမည့်အခြေ အနေဖြစ်ပေါ်နေသည့်အတွက် မြန်မာ့ပြောင်းတင်ပို့မှုသည်လည်း ရပ်ဆိုင်းသွားခြင်းမျိုးမဟုတ်ဘဲ ဈေးကွက် ရွှေ့ပြောင်းသွားခြင်းသာဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ထပ်မံပြောကြားထား သည်။                                                                                                                                         


(WP)






အခြားဆက်စပ်သတင်းများ