နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်ယူလူငယ်ကစားသမား တာဟစ်ချောင် ဝါဒါဘရီမင်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့

 ဩဂုတ်  ၁၇


မန်ယူအသင်း လူငယ်ကစားသမား တာဟစ်ချောင်သည် ဂျာမနီကလပ် ဝါဒါဘရီမင်အသင်းသို့ အငှား စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
တာဟစ်ချောင်သည် ဝါဒါဘရီမင်အသင်းနှင့် အငှားစာချုပ် ချုပ်ဆိုရန် အပြီးသတ်ဆောင်ရွက်နိုင်ခြင်းမရှိသေးသော်လည်း မန်ယူအသင်းက ယင်းကို ဝါဒါဘရီမင်အသင်းနှင့် လေ့ကျင့်ခန်းဆင်းခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ အသက် ၂၀ နှစ်အရွယ်ရှိ တာဟစ်ချောင်သည် အလားအလာရှိသည့် ကစားသမားဖြစ်သောကြောင့် မန်ယူ အသင်းက အပြီးသတ်ရောင်းချရန် ဆန္ဒမရှိသည့်အတွက် အငှားစာချုပ်ဖြင့် ထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်သည်။


တာဟစ်ချောင်သည် မန်ယူအသင်းနှင့်ချုပ်ဆိုထားသည့် စာချုပ်အရ ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ သက်တမ်းကျန်ရှိနေသည့်အတွက် မန်ယူအသင်းအနေဖြင့် ယင်းကို လာမည့်နှစ်တွင် အသင်းသို့ပြန်လည် ခေါ်ယူသွားဖွယ်ရှိ ကြောင်း သိရသည်။


ဝါဒါဘရီမင်အသင်းက “တာဟစ်ချောင်ဟာ အသင်းကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ အသင်း နဲ့ စာချုပ်ကိစ္စဆွေးနွေးညှိနှိုင်းဖို့ ကျန်နေသေးပေမယ့် မန်ယူအသင်းရဲ့ ခွင့်ပြုချက်နဲ့ အသင်းမှာ လေ့ကျင့်ခန်း ဆင်းနေတာပါ”ဟု ထုတ်ပြန်ခဲ့သည်။                                                                                               


(သူရိန်)






အခြားဆက်စပ်သတင်းများ