နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြန်လည်ကြည့်ရှုရတော့မယ့် ၂၀၁၉-၂၀ အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲ

 ဩဂုတ်  ၁၇


လက်ရှိအချိန်မှာ ဥရောပချန်ပီယံလိဂ်(အမျိုးသား)ပြိုင်ပွဲတွေဟာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်နေပါပြီ။ ဒီအချိန်မှာ အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း ပြန်လည်စတင်ဖို့ ယူအီးအက်ဖ်ကစီစဉ်လိုက်ပါပြီ။ ဘယ်နေ့စ မှာလဲဆိုတော့ ဩဂုတ်လ ၂၁ ရက်ကစပြီးကျင်းပပြုလုပ်မှာဖြစ်ပါတယ်။


အမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲဟာလည်း COVID ကြောင့် ပြီးခဲတဲ့ မတ်လ ၁၇ ရက်ကစပြီးရွှေ့ဆိုင်းခဲ့ပါတယ်။ ဒီနှစ် ဗိုလ်လုပွဲကို ဗီယင်နာမြို့က ဂျင်နရယ်လီကွင်းတွင် မေ ၂၄ ရက်မှာ ယှဉ်ပြိုင်ဖို့စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လမှာ ကိုဗစ်ကြောင့်ပွဲရွှေ့ချိန်ဟာ ၁၆ သင်းအဆင့် ပွဲစဉ်တွေကစားပြီးချိန်ဖြစ်ပြီး ကွာတား ဖိုင်နယ်မစခင် ရက်ပိုင်းအလိုမှာ ပွဲတွေရွှေ့ခဲ့ရတာဖြစ်ပါတယ်။ ခုတော့အမျိုးသမီးချန်ပီယံလိဂ်ပွဲတွေ ပြန်ရောက်လာပါပြီဖြစ်ပါတယ်။  ဒီနှစ်အမျိုးသမီး ချန်ပီယံလိဂ်မှာလည်း အအောင်မြင်ဆုံးအရှင်သခင် လိုင်ယွန် ပါဝင်လာပြီးထိပ်သီးတွေဖြစ်တဲ့ ဝုဖ်ဘတ်၊ အာဆင်နယ်လ်၊ ဘာစီလိုနာတို့လည်း တက်ရောက်လာပါတယ်။

ကွာတားရောက်ရှစ်သင်းမှာ ဗိုလ်စွဲဖူးတာဆိုလို့ လိုင်ယွန်၊ ဝုဖ်ဘတ်၊ အာဆင်နယ်လ်တို့ သုံးသင်းဖြစ်ပါတယ်။ လိုင်ယွန်ဟာ ပြိုင်ပွဲနောက်ဆုံးလေးနှစ်ဆက် အနိုင်ရဗိုလ်စွဲခဲ့တဲ့အသင်းဖြစ်ပါတယ်။ လမ်းကြောင်းအရ ဆီမီးတက်ခဲ့ရင် လိုင်ယွန်နဲ့အာဆင်နယ်တို့တွေ့ဆုံရမှာပါ။ မကြာခင် ပြန်လည်ကျင်းပတော့မယ့် အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲကိုလည်း နှစ်ကျော့မဟုတ်တော့ဘဲ တစ်ကျော့တည်းကစားစေမှာပါ။


ပွဲစဉ်အားလုံးကို စပိန်နိုင်ငံ၊ ဘီလ်တာအိုမြို့က ဆန်မာမီး(ဘီကအိုကွင်း)နဲ့ ဆန်ဆီဘက်စတီယန်မြို့က အနိုတာ(ဆိုစီဒက်ကွင်း)တို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဥရောပအမျိုးသမီးချန်ပီယံလိဂ်ပွဲဟာ ည ၁၀:၃၀ ဝန်းကျင်ပွဲတွေဖြစ်ပေမယ့် ဘောလုံးပွဲ တွေနည်းသွားတဲ့အချိန်ဆိုတော့ စောင့်မျှော်ကြည့်ရှုရမယ့်ပြိုင်ပွဲတွေဖြစ်ပါတယ်။                        


(SO)






အခြားဆက်စပ်သတင်းများ