နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်တို့ ချဲလ်ဆီးထံမှ ဝီလျံကို အပြီးသတ်ခေါ်နိုင်ခဲ့ပြီ

 ဩဂုတ်  ၁၇


အာဆင်နယ်အသင်းသည် ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်သွားတဲ့ ဘရာဇီးတောင်ပံကစားသမား ဝီလျံအား တစ်ပတ် ပေါင် ၂၂၀၀၀၀ နဲ့ ၃ နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဝီလျံဟာ အာဆင်နယ်မှာ ကျောနံပါတ် ၁၂ ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။ အာဆင်နယ်တို့ ဝီလျံအတွက် ၃ နှစ်စာ လစာ ပေါင် ၃၅ သန်းဝန်းကျင််ကုန်မှာ ဖြစ်ပါတယ်။


ဒါပေမဲ့ ဝီလျံချဲလ်ဆီးမှာ ရခဲ့စဉ်ကထက် နည်းပါးနေပါတယ်။ အာဆင်နယ်ဟာ ဝီလျံအား ၃ နှစ်စာချုပ်အတွက် အပိုဆုကြေး၊ လက်မှတ်ထိုးကြေး၊ သစ္စာစောင့်သိမှုချီးမြှင့်ငွေတို့ဖြင့် တစ်ပတ်ပေါင် ၂၂၀၀၀၀ အထိ ရရှိသွားခဲ့ခြင်းဖြစ်ပါတယ်။ ဝီလျံက “အာဆင်နယ်ရဲ့ကစားဟန်ကို ကျွန်တော်ကြိုက်နှစ်သက်ပါတယ်။ အရာရာတိုင်းဟာ အံ့မခန်းဖွယ်ရာပါပဲ။ ဘောလုံးကွင်းကြီးရယ်၊ နောက်ပြီး ကျွန်တော့အထင် အာဆင်နယ်ဟာ အာတီတာရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ်၊ ဥရောပချန်ပီယံဆုတွေအတွက် တိုက်ပွဲဝင်ဖို့အခွင့်အရေးကောင်းကြီးတစ်ခုရှိနေပုံပါပဲ။


အဲဒီအတွက်ကြောင့် ကျွန်တော်ပျော်ရွှင်ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ သတင်းအရ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက ပေါင် ၇၂ သန်း စံချိန်တင်ပြောင်းရွှေ့ကြေးကြောင့် လိုင်လီမှ ပီပီကိုခေါ်ယူခဲ့ခြင်းအပေါ် စုံစမ်း စစ်ဆေးမှုများပြုလုပ်နေတယ်လို့ သိရပါတယ်။ ပီပီကိုခေါ်ယူရာမှာ လိုအပ်သည်ထက် စျေးပိုပေးခဲ့မှု ရှိ/မရှိ အပါအဝင် အာဆင်နယ် ကင်းထောက်အဖွဲ့ရဲ့ လူသစ်စုဆောင်းမှုနည်းဗျူဟာကို ပြန်လည်သုံးသပ်စစ်ဆေးမှု ပြုလုပ်နေပါတယ်။


အာဆင်နယ်နည်းစနစ်ဒါရိုက်တာ အီဒူးမှ ဦးဆောင်ပြီး နောက်ထပ်အပြောင်းအရွှေ့များမှာ  အဲဒီလို အမှားမျိုးမဖြစ်စေရန် စီမံကိန်းချဆောင်ရွက်လျက်ရှိပါတယ်။ ဘဏ္ဍာရေးအခက်အခဲရှိလာမှုအကြောင်းပြုပြီး ဘောလုံးကင်းထောက်များ အပါအဝင် ဝန်ထမ်း  ၅၅ ဦးကို အလုပ်မှ အနားပေးခဲ့ပါတယ်။                         


(SO)






အခြားဆက်စပ်သတင်းများ