နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းမှာ ကစားနည်း ၄၀ ခန့် ထည့်သွင်းကျင်းပသွားမည်

 ဩဂုတ်  ၁၇


ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်ထိကျင်းပမယ့် ၂၀၂၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)တွင် အားကစားနည်းအမျိုးပေါင်း ၄၀ ခန့်ထည့်သွင်းကျင်းပသွားဖို့ လျာထားကြောင်း ဗီယက်နမ်အခြေစိုက် မီဒီယာတချို့မှာ ဖော်ပြထားပါတယ်။


မူလထုတ်ပြန်ထားတဲ့အားကစားနည်း ၃၆ မျိုးအပြင် နောက်ထပ်လေးမျိုးထပ်တိုးကာ ထည့်သွင်းကျင်းပ သွားမယ်လို့ VNE Express သတင်းဌာနက ဖော်ပြထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့လည်းအားကစားနည်း  ၇ နှစ်မျိုးထပ်မံထည့်သွင်းရန် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲကျင်းပရေးကော်မတီကို တင်ပြထားကြောင်း အင်ဒိုအိုလံပစ် ကော်မတီလက်ထောက်အတွင်းရေးမှူးက ပြောကြားခဲ့ပါတယ်။


ဒီကစားနည်းခုနစ်မျိုးက Tegball ဆမ်ဘို၊ E-Sports၊ သုံးမျိုးစုံပြိုင်ပွဲ၊ Modern Pentathlom၊ ဘိုးလင်းနဲ့ ဂျူဂျစ်ဆုကစားနည်းတို့ဖြစ်ကြောင်းသိရပါတယ်။ အခြားပြိုင်ပွဲဝင် နိုင်ငံများကလည်း အားကစားနည်းများထပ်မံထည့်သွင်းရန်တင်ပြထားတာကြောင့် ထပ်မံတိုးဖွယ်ရာရှိကြောင်း သိရပါတယ်။ ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းအတွက် အားကစားနည်းများကို နိုဝင်ဘာလမှာ အစည်းအဝေးလုပ်ပြီး အတည်ပြုသတ်မှတ်ဖွယ်ရှိကြောင်း VNE Express သတင်းဌာနက ဖော်ပြထားပါတယ်။                                                                                    


(SO)






အခြားဆက်စပ်သတင်းများ