နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဗိုလ်စွဲသူများကို ဆုချီးမြှင့်ပွဲပြုလုပ်ပေးမည်

  ဩဂုတ်  ၁၇


ယခုနှစ်ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဗိုလ်စွဲတဲ့အသင်းတွေကို ယူအီးအက်ဖ်အေက ဆုပေးပွဲအခမ်းအနားဖြင့် ဆုတံဆိပ်များ တစ်ဦးချင်းဆီပေးအပ်ချီးမြှင့်သွားရန် စီစဉ်ထားကြောင်းသိရပါတယ်။


ပြီးခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ  ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ချန်ပီယံအာဆင်နယ်အသင်း ကစားသမားများမှာ တစ်ဦးချင်းဆုတံဆိပ်များကို ကိုယ်တိုင်ကိုယ်ကျယူခဲ့ကြရပြီး  ဆုဖလားကိုင်မြှောက်မှု အစီ အစဉ်ကိုလည်း အသင်းခေါင်းဆောင် အူဘာမီယန်းဦးဆောင်ပြီးပြုလုပ်ခဲ့ရပါတယ်။ ယခု ဥရောပပြိုင်ပွဲနှစ်ရပ်၌မူ အဲဒီလိုမဟုတ်ဘဲ ဗိုလ်စွဲတဲ့အသင်းတိုင်းကို ယူအီးအက်ဖ်အေဥက္ကဋ္ဌ အလက်ဇန်းဒါး ဆီဖာရင်ကိုယ်တိုင်က ဆုတံဆိပ်များပေးအပ်ချီးမြှင့် သွားရန်စီစဉ်ထားကြောင်းသိရပါတယ်။


ဒီအတွက်ကြောင့် ဥက္ကဋ္ဌဆီဖာရင်ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းက လိုအပ်တဲ့ဆေးစစ်မှုတွေပြုလုပ်ပြီး အပြင်အသွားအလာများကိုလည်း ကန့်သတ်နေထိုင်ခဲ့ကြောင်း သိရပါတယ်။ ယူအီးအက်ဖ်အေဗိုလ်လုပွဲကို ဂျာမနီနိုင်ငံကိုလုံးတွင် ပြုလုပ်မည် ဖြစ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ပြုလုပ်မည်ဖြစ်ကာ ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ကွင်းမြတ်ခင်းပေါ်တွင်ပြုလုပ်ရန် စီစဉ်ထားကြောင်းသိရပါတယ်။                                            


(SO)






အခြားဆက်စပ်သတင်းများ