နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Online အသုံးပြုခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ လေ့လာသင်ယူနိုင်

ဩဂုတ် ၁၇


ယနေ့ခေတ်တွင် ဆိုရှယ်မီဒီယာကို ကျယ်ပြန့်စွာအသုံးပြုလာနိုင်ပြီဖြစ်သည့်အတွက်ကြောင့် အသိပညာ၊ အတတ်ပညာများစွာကို လေ့လာသင်ယူနိုင်ပြီဖြစ်သည်။ အွန်လိုင်းအသုံးပြုခြင်းဖြင့် မိမိဘဝတက်လမ်း ကောင်းကျိုးများစွာ ရရှိစေနိုင် သကဲ့သို့ ဆိုးကျိုးများစွာလည်း ရှိသော်လည်း ယနေ့ခေတ်လူငယ်များအတွက် ဆိုရှယ်မီဒီယာများပေါ်မှ လေ့လာသင်ယူ နိုင်မည့် အခွင့်အလမ်းများစွာကို ပိုင်ဆိုင်နိုင်ပြီဖြစ်သည်။


Online Class များဖြင့် ပညာရေးလောကကို လျှောက်လှမ်းနိုင်ရုံသာမက အတတ်ပညာများစွာကိုလည်း သင်ယူလေ့လာ နိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် လူငယ်များသည် ဆိုရှယ်မီဒီယာကို တန်ဖိုးရှိစွာအသုံးပြုတတ် ရန်လိုအပ်ပြီး မိမိဘဝတိုးတက်မြင့်မားအောင် သင်ယူလေ့လာနိုင်မည့် အခွင့်အရေးများစွာ ရရှိနိုင်ပြီဖြစ်သည်။ 

ယခုကဲ့သို့ ကူးစက်ရောဂါဖြစ်ပွားနေချိန်တွင် အပြင်၌ ကိုယ်တိုင်တက်ရောက်ခြင်းများ မပြုလုပ်နိုင်ပါက လည်း သင်တန်းများ ရပ်ဆိုင်းပိတ်ခြင်းများ ပြုလုပ်ရန်မလိုဘဲ ဆိုရှယ်မီဒီယာများမှတစ်ဆင့် လေ့လာနိုင်သည့် အတွက်ကြောင့် အချိန်ဆုံးရှုံးမှုများ မရှိစေဘဲ ကောင်းစွာဆက်လက်သင်ကြားနိုင်ခြင်းများ ပြုလုပ်နိုင်ပြီဖြစ်  သည်။                                                                                                                                           

(HWY)






အခြားဆက်စပ်သတင်းများ