နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖေ့စ်ဘုတ်ခ်မှတစ်ဆင့် မိမိဘရန်းအမျိုးအစားများကို အောင်မြင်အောင်ဖန်တီးနိုင်

ဩဂုတ် ၁၇


ယနေ့ခေတ်တွင် ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့်ဖေ့စ်ဘုတ်ခ်ကို လူတိုင်းနီးပါး အသုံးပြုသူများပြားလာကြ သည်။ ထိုသို့ အသုံးပြုခြင်းဖြင့် မိမိအတွက် အကျိုးသက်ရောက်မှုပေးစွမ်းနိုင်စေသည့် နည်းလမ်းကောင်းများစွာကို ဖေ့စ်ဘုတ်ခ်မှတစ်ဆင့် လေ့လာသင်ယူခြင်းများ စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီဖြစ်သည်။ 

ကောင်းကျိုးများရှိသကဲ့သို့ ဆိုးကျိုးများလည်း ဒွန်တွဲနေသည်။ ဖေ့စ်ဘုတ်ခ်ကြောင့်  အောင်မြင်သည့် အနုပညာရှင်များ  ဖြစ်လာသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာသည်ကိုလည်း တွေ့မြင်လာရသည်။ မိမိစီးပွားရေးလုပ်ကိုင်နေသည့် မိမိ၏ကုန်ပစ္စည်း ဘရန်းအမျိုးအစားကို ကျော်ကြားအောင်မြင်အောင် ဖေ့စ်ဘုတ်ခ်ကို အကျိုးရှိရှိအသုံးချနိုင်ပြီဖြစ်သည်။  


ဖေ့စ်ဘုတ်ခ် ကြော်ငြာလုပ်ငန်း   အလုပ်လုပ်ပုံသည် လူအများအတွက် ဦးစားပေးလုပ်ကိုင်ဆောင်ရွက်နေသည့် စီးပွားရေး လုပ်ငန်းပုံစံတစ်ခုဖြစ်သည်။ ယင်း၏ကြော်ငြာလုပ်ငန်းဆိုင်ရာ အခြေခံမှုများက လူအများ အတွက်ဦးစားပေးလုပ်ကိုင် ဆောင်ရွက်ခြင်း၊ အသုံးပြုသူများ၏ အချက်အလက်ကို ရောင်းချခြင်းမပြုခြင်း၊ အသုံးပြုသူက ကြော်ငြာပြသပုံကို  လိုအပ်သလို စီမံနိုင်ခြင်း၊ ရည်ရွယ်ချက်ရှင်းလင်းမြင်သာသည့် ကြော်ငြာများ ဖြစ်ရန်လိုအပ်ခြင်း၊ ကြော်ငြာရာတွင် လူအများအတွက် ဘေးကင်းပြီး ကြည့်ရှုရန် သင့်တော်မှုရှိခြင်း၊ လူတန်းစား ခွဲခြားမှုမရှိခြင်း၊ စီးပွားရေး လုပ်ငန်းကြီး၊ ငယ် မရွေး ကြော်ငြာနိုင်ခြင်း၊ ကြော်ငြာပိုင်း တိုးတက် ကောင်းမွန်လာစေရေး စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်ခြင်း စသည့်အချက်များဖြစ်သည်။ 


ဖေ့စ်ဘုတ်ခ်ပေါ်ရှိ ကြော်ငြာများကို  စဉ်းစားဆုံးဖြတ်ရာတွင် ကြော်ငြာဖန်တီးသည့် အဆင့်၊ လေ့လာစစ်ဆေး သည့်အဆင့်၊ ကြော်ငြာပြသသည့် အဆင့်နှင့် ရလဒ်တင်ပြသည့် အဆင့် စသည့်  အဆင့်လေးဆင့်ဖြင့် ဆောင်ရွက် ပေးသည်။


 ကြော်ငြာတစ်ခု ဖန်တီးရာတွင် ဖေ့စ်ဘုတ်ခ်က စီးပွားရေးလုပ်ငန်းများကို ယင်း၏သတ်မှတ်စံညွှန်းများဖြင့် ကိုက်ညီမှုရှိ/ မရှိ မေးမြန်းစုံစမ်းသည်။ ဖေ့စ်ဘုတ်ခ်ကောင်းစွာအသုံးပြုခြင်းဖြင့် အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်များအဖြစ် ဖန်တီးနိုင်ပြီ ဖြစ်သည်။                                                  


(WP)






အခြားဆက်စပ်သတင်းများ