နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၃ နှစ်အရွယ် အိန္ဒိယမိန်းကလေးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

ဩဂုတ် ၁၇၊ နယူးဒေလီ


အိန္ဒိယနိုင်ငံတွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ယောက် အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရသည့် ဖြစ်ရပ်အတွက် အိမ်နီးနားချင်း ၂ ဦးကို ဖမ်းဆီးထားသည်။ မိန်းကလေး၏ ရုပ်အလောင်းကို အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်ရှိ ကြံခင်းထဲမှ တွေ့ရှိခဲ့သည်။ သို့သော် သမီးဖြစ်သူအနေဖြင့် မျက်လုံး ဖောက်ထုတ်ပြီး လျှာဖြတ်ခံခဲ့ရသည်ဆိုသည့် ဖခင်၏ ပြောကြားချက်ကို ရဲတပ်ဖွဲ့က ငြင်းဆန်ထားသည်။ မိန်းကလေးမှာ လယ်တောထဲ အိမ်သာသွားဦးမည်ဆိုကာ ထွက်သွားပြီးနောက် ပြန်ရောက်မလာခြင်းကြောင့် မိသားစုက လိုက်ရှာချိန်တွင် ရုပ်အလောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ သေမှုသေခင်း စစ်ဆေးမှုအရ မိန်းကလေးငယ်ဟာ အဓမ္မပြုကျင့်ခံရပြီးနောက် လည်ပင်းညှစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။


ပြီးခဲ့သည့်လပိုင်းကလည်း မဟာပရာဒက်ရှ်ပြည်နယ်တွင် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး နေအိမ်အပြင်ဘက်တွင် ပြန်ပေးဆွဲခံရပြီး အဓမ္မပြုကျင့်ခံခဲ့ရသည်။ အဆိုပါဖြစ်ရပ်တွင် ကျူးလွန်သူက ယင်းကို မမှတ်မိစေရန်အတွက် မိန်းကလေးငယ်၏ မျက်လုံးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့သည်။


မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ပြစ်မှုမှတ်တမ်းများအရ အိန္ဒိယနိုင်ငံတွင် အဓမ္မပြုကျင့်ခံရသူ၏ လေးပုံ၊ တစ်ပုံမှာ ကလေးများဖြစ်သည်။ အဓမ္မပြုကျင့်မှု အများအပြားတွင် ကျူးလွန်ခံရသူက ကျူးလွန်သူများကို သိကြသည်။ ၂၀၁၂ ခုနှစ်က နယူးဒေလီမြို့၏ ဘတ်စ်ကားပေါ်တွင် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံတွင် အဓမ္မပြုကျင့်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပိုပြီးသတိထားမိလာကြသည်။ ဘတ်စ်ကားပေါ်တွင် အဓမ္မပြုကျင့်၊ လူသတ်ခဲ့သည့်ဖြစ်ရပ်အတွက် အမျိုးသားလေးဦးကို သေဒဏ်ချမှတ်ပြီး ကွပ်မျက်ခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ