နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံတွင် ဆန္ဒပြသူသောင်းချီကာ အစိုးရဆန့်ကျင်ရေးစုဝေးပွဲ ကျင်းပ

ဩဂုတ် ၁၇၊ ဗန်ကောက်


ပြီးခဲ့သည့်တနင်္ဂနွေနေ့က ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ဆန္ဒပြသူသောင်းချီကာ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုလုပ်ရန် တောင်းဆိုသည့်အနေဖြင့် အစိုးရဆန့်ကျင်ရေးစုဝေးပွဲ ထပ်မံကျင်းပခဲ့သည်။ ဆန္ဒပြသူများက အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရန် လိုလားပြီး အထိမခံ အကြောင်းအရာတစ်ရပ်ဖြစ်သည့် ထိုင်းထီးနန်းကိုလည်း ပြုပြင်ပြောင်းလဲရေးလုပ်ရန် တောင်းဆိုခဲ့သည်။ ထိုင်းနိုင်ငံ၏ဥပဒေအရ တော်ဝင်မိသားစုကို ဝေဖန်သူများမှာ ထောင်ဒဏ် နှစ်ရှည်လများ ကျခံရနိုင်သည်။


ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ထိုင်းနိုင်ငံတွင် ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြပွဲများ နေ့တိုင်းနီးပါး ဖြစ်ပွားခဲ့ပြီး ဆန္ဒပြခေါင်းဆောင် အများအပြား ဖမ်းဆီးခံခဲ့ရသည်။ သို့သော် ပြုပြင် ပြောင်းလဲရေးလုပ်ရန် ကျောင်းသားများသာမက အခြားသူများလည်း ထောက်ခံအားပေးသည်ဆိုခြင်းကို ပြီးခဲ့သည့်တနင်္ဂနွေနေ့စုဝေးပွဲမှ ပြသနေသည်ဟု ပွဲစီစဉ်သူများက ပြောသည်။ အဆိုပါဆန္ဒပြပွဲကို လူ ၁၀၀၀၀ နီးပါး ပါဝင်ခဲ့သည်ဟု ဗန်ကောက်ရဲတပ်ဖွဲ့က ပြောသည်။


အဆိုပါဆန္ဒပြပွဲမှာ ၂၀၁၄ ခုနှစ်က ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ဗန်ကောက်မြို့၏ ဒီမိုကရေစီကျောက်တိုင်တွင် ကျင်းပသည့် အကြီးမားဆုံး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ဖြစ်သည်ဟု စောင့်ကြည့်သူများက ပြောသည်။ ဆန္ဒပြသူများက ''အာဏာရှင်စနစ် ကျဆုံးပါစေ။ ဒီမိုကရေစီ အဓွန့်ရှည်ပါစေ''ဟု သံပြိုင်အော်ဟစ်ပြီး စာတန်းများကို ဝှေ့ယမ်းခဲ့ကြသည်။ ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲမှာ အငြင်းပွားဖွယ် အနိုင်ရခဲ့သည့် စစ်ဗိုလ်ချုပ်ဟောင်း ပရာယွတ်ချန်အိုချာကို ရာထူးမှ ဆင်းပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ