နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာခြင်းကြောင့် နယူးဇီလန်ရွေးကောက်ပွဲကို ရွှေ့ဆိုင်း

ဩဂုတ် ၁၇၊ ဝယ်လင်တန်


ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်တက်လာခဲ့ပြီးနောက် နယူးဇီလန်ဝန်ကြီးချုပ် ဂျေစင်ဒါအာဒန်က အထွေထွေ ရွေးကောက်ပွဲကို တစ်လရွှေ့ဆိုင်းလိုက်သည်။ အထွေထွေရွေးကောက်ပွဲကို စက်တင်ဘာလ ၁၉ ရက်တွင်ကျင်းပရန် စီစဉ်ထားသော်လည်း ယခုအခါတွင် အောက်တိုဘာလ ၁၇ ရက်မှသာ ကျင်းပမည်ဖြစ်သည်။ ယခုကဲ့သို့ ရွှေ့ဆိုင်းသတ်မှတ်လိုက်ခြင်းကြောင့် နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးမည့် အခြေအနေအလိုက် ပြင်ဆင်နိုင်လိမ့်မည်ဟု ဂျေစင်ဒါအာဒန်က ပြောသည်။


ယခုရက်သတ္တပတ်အစောပိုင်းတွင် နယူးဇီလန်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် အုတ်ကလန်မြို့ကို ပိတ်ဆို့ခဲ့ပါသည်။ မဲဆွယ်စည်းရုံးရေးအပေါ် ကန့်သတ်မှုများလုပ်ထားခြင်းကြောင့် ဂျေစင်ဒါအာဒန်က တစ်ဖက်သတ်အားသာချက် ရှိနေသည့်အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်သည်ဟု အစောပိုင်းတွင် အတိုက်အခံ National Party က စောဒကတက်ခဲ့သည်။ သြဂုတ်လ ၁၇ ရက်က နယူးဇီလန်နိုင်ငံတွင် ကိုဗစ်လူနာသစ် ၉ ယောက် တွေ့ရှိခဲ့ပြီးနောက် အုတ်ကလန်မြို့နှင့် ဆက်နွှယ်နေသည့် လူနာသစ်အရေ အတွက်မှာ ၅၈ ဦးအထိ ရှိလာခဲ့သည်။ 


နယူးဇီလန်နိုင်ငံမှာ ၁၀၂ ရက်တိုင်တိုင် ပြည်တွင်းကူးစက်မှု မရှိခဲ့သော်လည်း သြဂုတ်လ ၁၁ ရက်တွင် မိသားစု ၄ ဦး၌ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ နယူးဇီလန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း ကူးစက်ခံရသူ ၁၆၀၀ ကျော်ရှိပြီး သေဆုံးသူ ၂၂ ဦးရှိသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။                                     


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ