နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးနှင့် ယူအေအီးနိုင်ငံကြား တိုက်ရိုက်ဖုန်းဆက်သွယ်မှု စတင်

ဩဂုတ် ၁၇၊ ဂျေရုစလင်


ပြီးခဲ့သည့်ရက်သတ္တပတ်က ပုံမှန်ဆက်ဆံရေး တည်ထောင်ရန် သဘောတူညီမှု ရယူခဲ့ပြီးနောက် အစ္စရေးနှင့် ယူအေအီးနိုင်ငံကြား တိုက်ရိုက်ဖုန်းဆက်သွယ်မှု စတင်ပြုလုပ်ခဲ့သည်။ သမိုင်းဝင် ငြိမ်းချမ်းရေး သဘောတူညီချက် ရယူခဲ့ပြီးနောက် အစ္စရေးနှင့်ယူအေအီးနိုင်ငံခြားရေးဝန်ကြီးများ အပြန်အလှန် ဖုန်းခေါ်ဆိုပြီး နှုတ်ခွန်းဆက်စကားပြောခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အစ္စရေးနှင့် ယူအေအီးနိုင်ငံကြား သဘောတူညီချက်ရယူနိုင်ရန် အမေရိကန်နိုင်ငံက ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့ခြင်း ဖြစ်သည်။


ယင်းကဲ့သို့ သဘောတူညီချက် ရယူခဲ့ခြင်းကို နိုင်ငံတကာအသိုက်အဝန်းက ကြိုဆိုခဲ့သော်လည်း ပါလက်စတိုင်း၊ အီရန်နှင့် တူရကီနိုင်ငံတို့က ရှုတ်ချခဲ့သည်။ သဘောတူစာချုပ်ပါ အချက်အလက်များအရ အစ္စရေးနိုင်ငံအနေဖြင့် သိမ်းပိုက်ခံ အနောက်ကမ်းပါး တစ်စိတ်တစ်ဒေသတွင် အချုပ်အခြာအာဏာ လွှမ်းမိုးမည့်အစီအစဉ်ကို ဆိုင်းငံ့ရန် သဘောတူညီခဲ့သည်။ ယူအေအီးနိုင်ငံ၏ ဆက်သွယ်ရေးကုမ္ပဏီများက အစ္စရေးနိုင်ငံ၏ ဖုန်းနံပါတ်ကုတ်ဖြစ်သည့် +၉၇၂ နှင့် စတင်သည့် နံပါတ်များကို ပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားပေးခဲ့သည်ဟု အစ္စရေးဆက်သွယ်ရေးဝန်ကြီးဌာနက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ