နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်နိုင်ငံတွင် အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု ကြုံတွေ့

ဩဂုတ် ၁၇၊ တိုကျို


ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ရင်ဆိုင်နေရခြင်းကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ စံချိန်တင်အမြန်ဆုံး နှုန်းဖြင့် ကျဆင်းခဲ့ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထား သည်။ 

ကမ္ဘာ့တတိယစီးပွားရေးအင်အားအကြီးဆုံးဖြစ်သည့် ဂျပန်နိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုပမာဏမှာ ပြီးခဲ့သည့်ဧပြီလမှ ဇွန်လအတွင်း ၇ ဒသမ ၈ ရာခိုင်နှုန်း (ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက)ကျဆင်းခဲ့ပြီး နှစ်စဉ်နှုန်းထား၏ ၂၇ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ဂျပန်နိုင်ငံမှာ ကပ်ရောဂါမတိုင်မီကတည်းက စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်း ကျဆင်းမှုကြုံတွေ့နေခြင်းဖြစ်သည်။


သြဂုတ်လ ၁၇ ရက်က ထုတ်ပြန်ခဲ့သည့် ကိန်းဂဏန်းအချက်အလက်များမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် ဘဏ္ဍာရေးရိုက်ခတ်မှု အကြီးအကျယ် ကြုံတွေ့ခဲ့ခြင်းကို ထင်ဟပ်ပြနေ သည်။ ဂျပန်နိုင်ငံမှာ သုံးလပတ်နှစ်ကြိမ်ဆက်တိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခဲ့ရာ ယခုနှစ်အစောပိုင်းက စီးပွားရေးကျဆင်းမှု ကြုံတွေ့ခဲ့ရသည်။ ပြီးခဲ့သည့်ဧပြီလမှ ဇွန်လကြားကာလအတွင်း ဂျပန်နိုင်ငံ၏ စီးပွားရေးမှာ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှုဖြစ်သော်လည်း စီးပွားရေး ကျွမ်းကျင်ပညာရှင်များ ခန့်မှန်းထားသည့် ပမာဏထက် အနည်းငယ်ပိုများနေသည်။ စီးပွားရေးကျဆင်းမှု၏ အဓိကအကြောင်းအရင်းတစ်ရပ်မှာ ပြည်တွင်းစားသုံးမှု သိသိသာသာ ကျဆင်းခြင်းကြောင့်ဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ