နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နှင့် ပိုလန်နိုင်ငံကြား ကာကွယ်ရေးသဘောတူစာချုပ်သစ် ချုပ်ဆို

ဝါဆော၊ ဩဂုတ် ၁၆


ဂျာမနီနိုင်ငံမှ ပြန်လည်ဆုတ်ခွာလာမည့် အမေရိကန်စစ်သည်များကို ပိုလန်နိုင်ငံသို့ ဖြန့်ကြက်စေလွှတ် ရန် အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပိုလန်နိုင်ငံနှင့် ကာကွယ်ရေးသဘောတူ စာချုပ်သစ် ချုပ်ဆိုခဲ့သည်။ ပြီးခဲ့သည့်စနေနေ့က ဝါဆောမြို့တွင် မိုက်ပွမ်ပီယိုနှင့် ဘလက်ဆက်တို့က The Enhanced Defence Co-operation Agreement (EDCA) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ပိုလန်နိုင်ငံ၌ အမေရိကန်စစ်သည် ၄၅၀၀ စခန်းချနေပြီး အဆိုပါစာချုပ်အရ စစ်သည် ၁၀၀၀ ထပ်မံစေလွှတ်မည်ဖြစ်ရာ ပိုလန်နိုင်ငံတွင် အမေရိကန်စစ်သည် ၅၅၀၀ အထိ ရှိလာမည်ဖြစ်သည်။ သို့သော် ပိုလန်နိုင်ငံအပေါ် ခြိမ်းခြောက်မှုတစ်ခုခု ရှိလာပါက အမေရိကန်စစ်သည် ၂၀၀၀၀ အထိ တိုးမြှင့် ဖြန့်ကြက်ဖွယ်ရှိသည်ဟု ပိုလန်ကာကွယ်ရေးဝန်ကြီး ဘလက်ဆက်က ပြောသည်။

ဂျာမနီနိုင်ငံက နေတိုးအဖွဲ့အတွက် ကာကွယ်ရေးအသုံးစရိတ် လုံလောက်စွာ အသုံးပြုခြင်းမရှိဟု အစောပိုင်း တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ဖူးသည်။ သို့သော် အမေရိကန်နိုင်ငံ၏ ယခုလုပ်ရပ်ကြောင့် ရုရှားနိုင်ငံ၏ တိုးချဲ့လှုပ်ရှားမှုများ ဖြစ်ပေါ်လာမည်ကို နေတိုးအဖွဲ့ဝင်မဟာမိတ်များက စိုးရိမ်ပူပန်နေကြသည်။ ဥရောပရှိ ယင်းတို့၏တပ်ဖွဲ့များကို ဗျူဟာမြောက် ပြန်လည်နေရာချထားပေးမှုအဖြစ် ဂျာမနီနိုင်ငံတွင် စစ်သည် ၃၈၀၀၀ ကျော်ရှိသည့်အနက် စစ်သည် ၁၂၀၀၀ နီးပါးကို ဂျာမနီနိုင်ငံမှ ပြန်လည်ဆုတ်ခွာစေမည်ဟု ပြီးခဲ့သည့်လတွင် အမေရိကန်နိုင်ငံက အတည်ပြုခဲ့သည်။ စစ်သည် ၆၄၀၀ နီးပါးကို အမေရိကန်နိုင်ငံသို့ ပြန်ပို့မည်ဖြစ်ပြီး ကျန်စစ်သည်များကို ပိုလန်၊ အီတလီနှင့် ဘယ်လ်ဂျီယံနိုင်ငံများအပါအဝင် နေတိုးအဖွဲ့ဝင် အခြားနိုင်ငံများသို့ ဖြန့်ကြက်မည်ဖြစ်သည်။ ဂျာမနီနိုင်ငံက နေတိုးအဖွဲ့၏ ကာကွယ်ရေးအသုံးစရိတ် ပြည့်မီအောင် သုံးစွဲခြင်းမရှိ၍ ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဟု ဒေါ်နယ်ထရမ့်က ဆိုသည်။                             KNT






အခြားဆက်စပ်သတင်းများ