နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမည့်ထုတ်ပြန်ချက်ကြောင့် ဗြိတိန်ခရီးသည်များ ပြင်သစ်နိုင်ငံမှပြန်လာရန် တက်သုတ်ရိုက်ကြိုးပမ်း

လန်ဒန်၊ ဩဂုတ် ၁၆


ပြည်ပနိုင်ငံအချို့မှ ပြန်ရောက်လာသူများကို ၁၄ ရက်ကြာ အသွားအလာကန့်သတ်စောင့်ကြည့်မည့် ထုတ်ပြန်ချက် အကျုံးမဝင်မီ ဗြိတိန်နိုင်ငံ၏ ခရီးသွားထောင်ပေါင်းများစွာက အိမ်ပြန်ရောက်ရှိရန် သုတ်ခြေတင် ကြိုးပမ်းလျက်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တစ်ကျော့ပြန်မြင့်တက်လာခြင်းကြောင့် ပြင်သစ်၊ ဟော်လန်၊ မိုနာကိုမြို့၊ မော်လ်တာ၊ တာ့ခ်နှင့် ကိုင်ကိုကျွန်းများမှ ပြန်ရောက်လာသူများကို အသွားအလာကန့်သတ်မည်ဟု ထုတ်ပြန်ခဲ့သည်။ Eurotunnel ရထား( ဗြိတိန်နှင့် ပြင်သစ်နိုင်ငံကြား အချိန်အမြန်ဆုံး သွားလာနိုင်သည့်ရထား) လက်မှတ်များ ရောင်းကုန်သွားပြီဖြစ်ပြီး လေယာဉ်လက်မှတ်ခများမှာလည်း ပုံမှန်ထက် ခြောက်ဆ ဈေးမြင့် သွားခဲ့သည်။ သို့သော် ကူးတို့သင်္ဘောများမှာ ခရီးသည် တင်ဆောင်နိုင်သည့် ပမာဏကို တိုးမြှင့်ပြေးဆွဲ လျက်ရှိသည်။ ပြင်သစ်နိုင်ငံကလည်း ဗြိတိန်နိုင်ငံ၏ ထုတ်ပြန်ချက်အပေါ် လက်တုံ့ပြန်သည့် စည်းမျဉ်းများ ထုတ်ပြန်နိုင်သည်ဟု သတိပေးခဲ့သည်။

အသွားအလာကန့်သတ်မည့်စည်းမျဉ်း အကျုံးဝင်လာပါက မဖြစ်မနေသွားရမည့်ကိစ္စမှလွဲ၍ ဗြိတိန်နိုင်ငံသို့ ခရီးသွားခြင်းကို ရှောင်ကျဉ်ကြရန် ဟော်လန်နိုင်ငံကလည်း အကြံပြုထားသည်။ သို့သော် လက်တုံ့ပြန်သည့် စည်းမျဉ်းမျိုးထုတ်ပြန်မည်မဟုတ်ဟု ဆိုသည်။ လွန်ခဲ့သည့် ခုနစ်ရက်အတွင်း လူ ၁၀၀၀၀၀ လျှင် ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၂၀ ကျော်ရှိသည့် နိုင်ငံများကို အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ခံယူရမည့်စာရင်းတွင် ထည့်သွင်းခဲ့ခြင်းဟု ဗြိတိန်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီး ဂရန့်ရှက်က ပြောသည်။ ဗြိတိန်နိုင်ငံက အဆိုပါစည်းမျဉ်း ထုတ်ပြန်ချိန်တွင် ပြင်သစ်နိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်ခရီးသည် ၁၆၀၀၀၀ နီးပါးရှိသည်ဟု သတင်းများက ဖော်ပြသည်။                                                                                                                            KNT






အခြားဆက်စပ်သတင်းများ