နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ညီ ကွယ်လွန်

ဝါရှင်တန်၊ ဩဂုတ် ၁၆


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ညီဖြစ်သူ ရောဘတ်ထရမ့် ကွယ်လွန်သွားခဲ့ကြောင်း အိမ်ဖြူတော်က အတည်ပြုသည်။ ဒေါ်နယ်ထရမ့်မှာ ပြီးခဲ့သည့်သောကြာနေ့ မွန်းလွဲပိုင်းက ယင်း၏ညီဖြစ်သူ ကုသမှုခံယူနေသည့် နယူးယော့ခ်မြို့ဆေးရုံသို့ သွားရောက်ခဲ့သည်။ '' သူက ကျွန်တော့်ညီဖြစ်ရုံတင်မကပါဘူး။ ကျွန်တော့်ရဲ့ အကောင်းဆုံး သူငယ်ချင်းတစ်ယောက်လည်း ဖြစ်ပါတယ်''ဟု ဒေါ်နယ်ထရမ့်က ပြောသည်။

ရောဘတ်ထရမ့်မှာ အသည်းအသန် နာမကျန်းဖြစ်ခဲ့သည်ဟု အမေရိကန်မီဒီယာများက ဖော်ပြသော် လည်း မည်သည့်ရောဂါခံစားနေရကြောင်း တိတိကျကျ မသိရပေ။  ရောဘတ်ထရမ့်မှာ  ဖရက်ဒ်နှင့် မေရီအန်နီထရမ့်တို့၏ သားသမီး ၅ ဦးအနက် အငယ်ဆုံးဖြစ်ပြီး ဒေါ်နယ်ထရမ့်ထက် နှစ်နှစ်ငယ်သည်။ ရောဘတ်ထရမ့်မှာ မိသားစု၏အိမ်ခြံမြေလုပ်ငန်းစုကို ဆက်လက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး အဆိုပါလုပ်ငန်းစု၏ အမှုဆောင်အရာရှိဖြစ်သည်။ ယင်းမှာ ပြီးခဲ့သည့်ဇွန်လကလည်း မန်ဟတ်တန်မြို့နယ်ရှိ မောင့်ဆိုင်းနိုင်းဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် ရက်သတ္တပတ်ကျော် ကုသမှုခံယူခဲ့ရသည်။

KNT






အခြားဆက်စပ်သတင်းများ