နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝိတ်ချိန်ပြီးမှ အစားအသောက်မှာယူစေသည့်မူဝါဒအတွက် တရုတ်စားသောက်ဆိုင် ပြန်တောင်းပန်

ဘေဂျင်း၊ ဩဂုတ် ၁၆


ခန္ဓာကိုယ်အလေးချိန် ချိန်ပြီးမှ ဝိတ်အလိုက် အစားအသောက် မှာခွင့်ပေးသည့်မူဝါဒ ကျင့်သုံးမိခဲ့ခြင်းအတွက် တရုတ်နိုင်ငံအလယ်ပိုင်းရှိ စားသောက်ဆိုင်တစ်ဆိုင်က ပြန်လည်တောင်းပန်ခဲ့သည်။ တရုတ်နိုင်ငံတစ်ဝန်းတွင် အစားအသောက် လေလွင့်မှုလျှော့ချရေး လှုပ်ရှားမှုစတင်ခဲ့ပြီးနောက် ချန်ရှာမြို့ရှိ အမဲသား စားသောက်ဆိုင် က အဆိုပါမူဝါဒကို ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ယခုရက်သတ္တပတ်မှစ၍ အဆိုပါစားသောက်ဆိုင်ရှေ့တွင် ပေါင်ချိန်စက် ၂ လုံး ချထားခဲ့သည်။ လာရောက်စားသောက်သူများအနေဖြင့် ပေါင်ချိန်ရမည်ဖြစ်ပြီး ယင်းတို့၏ ခန္ဓာကိုယ်အလေးချိန်ကို app တစ်ခုအတွင်း ဖြည့်သွင်းစေသည်။ အဆိုပါ app မှာ ခန္ဓာကိုယ်အလေးချိန်အလိုက် မှာယူစားသုံးနိုင်မည့် အစားအစာများကို ဖော်ပြပေးမည်ဖြစ်သည်။

'' မဖြုန်းတီးနဲ့၊ ချင့်ချိန်စားသုံးပါ။ ပန်းကန်ပြောင်စင်အောင် စားပါ''၊ " ပန်းကန်ပြောင်စင်အောင်စားမယ့် စစ်ဆင်ရေး" စသည့် စာတန်းများ ချိတ်ဆွဲထားသည်။ သို့သော် အဆိုပါစားသောက်ဆိုင်၏မူဝါဒမှာ တရုတ် လူမှုကွန်ရက်ပေါ်တွင် အုတ်အော်သောင်းနင်းဖြစ်စေခဲ့ပြီး အဆိုပါစားသောက်ဆိုင်အကြောင်း ရေးသားထားသည့် Hashtag များကို တရုတ်လူမှုကွန်ရက်စာမျက်နှာ Weibo ပေါ်တွင် ကြည့်ရှုသူအကြိမ်ရေ သန်း ၃၀၀ ကျော် ရှိသည်။ ပန်းကန်ပြောင်စင်အောင်စားရေး လှုပ်ရှားမှုတွင် ယင်းတို့ဆိုင်က ကျင့်သုံးခဲ့သည့်မူဝါဒအတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်း အဆိုပါစားသောက်ဆိုင်က ပြောသည်။ တရုတ်နိုင်ငံ၏ အစားအစာ လေလွင့်မှုပမာဏမှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ဟု သမ္မတရှီကျင့်ဖျင်က ပြောခဲ့ပြီးနောက် ပန်းကန်ပြောင်စင်အောင်စားရေး လှုပ်ရှားမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။                                             


KNT






အခြားဆက်စပ်သတင်းများ