နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘာစီ အရှုံးကြီးရှုံးခဲ့တာကြောင့် နည်းပြ ဆက်တီယန်ကိုထုတ်ဖို့ ဆုံးဖြတ်ကြပြီ

ဩဂုတ်  ၁၆


စပိန်အင်အားကြီးအသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘိုင်ယန် မြူးနစ် ကို ၈-၂ ဆိုတဲ့ရလဒ်နဲ့ရှုံးခဲ့တာကြောင့် နည်းပြဖြစ်သူ ဆက်တီယန်ကိုထုတ်ပယ်ကြဖို့ ဆုံးဖြတ်ချက်ချ လိုက်ပြီလို့ သိရပါတယ်။ 

ဘာစီဟာ ဘိုင်ယန်ကို ဘယ်လိုမှမယှဉ်နိုင်ဘဲ ဝက်ဝက်ကွဲအရေးနိမ့်ခဲ့တာအပြင် ထိရောက်တဲ့   တိုက်စစ်ဆင်မှုလည်းမပြုလုပ်နိုင်ပါဘူး။ ခံစစ်ပိုင်းကလည်း သွင်းဂိုးတွေအလွယ်တကူခွင့်ပြုနေရတာတွေ ကြောင့် ကိုယ်ပိုင်ကစားဟန်လည်းပျောက်ဆုံးနေပါတယ်။ ဒါကြောင့် ဘိုင်ယန်နဲ့ပွဲအပြီးမှာ နည်းပြ ဆက်တီ ယန်နဲ့ အသင်းရဲ့တိုးတက်မှုနဲ့ပြောင်းလဲမှုတွေကိုလုပ်ဆောင်ရတဲ့ အဘီဒယ်တို့ရဲ့ အားကစားဆိုင်ရာစီမံမှု အသင်းတစ်ခုလုံး ရာထူးကနေထုတ်ပယ်သွားမယ်လို့ သိရပါတယ်။ ဒီထုတ်ပယ်မှုသတင်းတွေကိုတော့ ဘာစီက မကြာမီတရားဝင်ထုတ်ပြန်ကြေညာသွားမှာပါ။ ဆက်တီယန်ကိုထုတ်ပယ်ပြီးရင် စပါးအသင်းနည်းပြ ဟောင်း ပိုချက်တီနိုခေါ်ယူဖို့ဆွေးနွေး‌နေကြပါပြီ။ ဘာစီလိုနာအသင်းရဲ့ဥက္ကဋ္ဌဖြစ်သူ ဘာတိုမြူဟာ ပိုချက်တီနို နဲ့ ယခုတစ်ပတ်အစောပိုင်းက ညစာအတူစားရင်း နည်းပြအဖြစ်ခန့်အပ်ဖို့ စည်းရုံးခဲ့ကြောင်း သိထားကြပါ တယ်။ ပိုချက်တီနိုအပြင် ဘာစီလိုနာနည်းပြဖြစ်လာဖို့ ရေပန်းစားနေသူတွေကတော့ နယ်သာလန်နည်းပြ ရော်နယ်လ်ကိုးမန်းနဲ့ အသင်းရဲ့ကစားသမားဟောင်း ဇာဗီတို့ပဲဖြစ်ပါတယ်။                                       

(SO)






အခြားဆက်စပ်သတင်းများ