နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူအက်စ်အိုးပင်းပြိုင်ပွဲဝင်မယ့် မာရေးညီအစ်ကို နယူးယော့ခ်ကို ရောက်ပြီ

ဩဂုတ်  ၁၆


ယခုလကုန်ပိုင်းမှာကျင်းပမယ့် ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲဝင်ရန်အတွက် မာရေးညီအစ်ကို နှစ်ယောက် နယူးယော့ခ်မြို့ကိုရောက်ရှိလာပြီဖြစ်ပါတယ်။ မာရေးညီအစ်ကိုမှာ ပြီးခဲ့တဲ့အင်္ဂါနေ့က လန်ဒန် ဟီးသရိုးလေဆိပ်မှ စတင်ထွက်ခွာပြီး နယူးယော့ခ်မြို့သို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိလာခဲ့ပါတယ်။

နှစ်ဦးစလုံး ဩဂုတ်လ ၂၂ ရက်မှာစတင်ကျင်းပမယ့် ယူအက်စ်အိုးပင်းအကြိုလက်ရည်သွေးပွဲဖြစ်တဲ့ Western and Southern Camp တွင် ဦးစွာယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲပြီးမှ ဩဂုတ် ၃၁ ရက်မှာ ကျင်းပမယ့် ယူအက်စ်အိုးပင်းကို ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ယူအက်စ်အိုးပင်း ချန်ပီယံ အင်ဒီမာရေးအတွက် ယခုနှစ်ပြိုင်ပွဲမှာ နောက်ဆုံးလေးနှစ်အတွင်း ဒုတိယမြောက်ပြိုင်မယ့်ပွဲဖြစ်ပါ တယ်။ နာဒယ်နဲ့ဖက်ဒရားတို့မပါနိုင်တာကြောင့် ပုံမှန်လက်စွမ်းပြန်ရစပြုနေတဲ့ မာရေးကို ရေပန်းအစားဆုံး ဂျိုကိုဗစ်ကို စိန်ခေါ်နိုင်မယ့်သူအဖြစ် ထင်ကြေးပေးနေကြပါတယ်။ ဂရင်းဆလင်းနှစ်ယောက်တွဲဆုဖလား      ၇ လုံးဆွတ်ခူးထားတဲ့ ဂျာမိုင်မာရေးမှာမူ ပြီးခဲ့တဲ့နှစ်က ကျား၊ မ နှစ်ယောက်တွဲချန်ပီယံဖြစ်ခဲ့ပါတယ်။ မာရေး ညီအစ်ကိုမှာ လေယာဉ်ပေါ်တွင် ကိုဗစ်မကူးစက်နိုင်ရန် ထိုင်ခုံ၊ စားပွဲတွေကို တစ်ရှူးအစိုနဲ့သုတ်ပြီးမှထိုင်ကြ ပါတယ်။                                                                                                                                     

 (SO)






အခြားဆက်စပ်သတင်းများ