ဩဂုတ် ၁၆
အင်တာဟာ ၂၀၁၀−၁၁ ရာသီကစပြီး အဿိကဆုဖလားအောင်မြင်မှုနဲ့ ဝေးကွာခဲ့တာ ဒီရာသီမှာတော့ နည်းပြ ကွန်တီရဲ့ ဦးဆောင်မှုနဲ့အတူ ယူရိုပါလိဂ်ဆီးမီဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါပြီ။ အင်တာဟာ ဒီရာသီမှာ နည်းပြကွန်တီကိုခန့်အပ်ပြီး လူကာကူ၊ ဂိုးဒင်း၊ ဆန်းချက်ဇ်၊ အဲရစ်ဆင်၊ အက်ဝှ်အေးယန်းတို့လို အရည်အချင်းရှိ အားကစားသမားကောင်းတွေကို ခေါ်ယူခဲ့ရာမှာ စီးရီးအေချန်ပီယံမဖြစ်ပေမဲ့ ဂျူဗင်တပ်ရဲ့ နောက်ဒုတိယနေရာကနေ ပန်းဝင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ကိုဗစ်ကြောင့် ပွဲတွေရပ်နားခဲ့ရပြီး ပြန်ကစားခဲ့ရာမှာ အင်တာဟာ တောက်လျှောက်ခြေစွမ်းကောင်းခဲ့ပြီး ဘိုလောဂ်နာတစ်ဆင်ကိုပဲ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ အတ္တလန္တာ၊ နာပိုလီတို့လို တိုက်စစ်ကောင်းတဲ့ အသင်းတွေကို အင်တာပေးဂိုးမရှိနဲ့ အနိုင်ရအောင်ကစားနိုင်ခဲ့ပြီး ယူဂိုပါလိဂ်မှာ ဂီတာဖေး၊ လေဗာကူဆင်တို့ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲဆက်နိုင်ခဲ့ရာမှာ နည်းပြကွန်တီရဲ့ အင်တာဟာ ပေးဂိုး ၁ ဂိုးသာရှိခဲ့ပြီး တစ်ပွဲ ၂ ဂိုးနဲ့အထက် သွင်းနိုင်ခဲ့လို့ တိုက်စစ်ရော ခံစစ်ပါ ဟန်ချက်ညီညီခြေစွမ်းပြနေတာတွေ့ရပါတယ်။
ယူကရိန်းချန်ပီယံရှက်တာဒိုးနတ်ကလည်း ဥရောပမှာ အစဉ်အလာရှိတဲ့ အသင်းတစ်သင်းပါ။ ရှက်တာဟာ ဥရောပထိပ်သီး အသင်းတွေအများအပြားပါဝင်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အထိအောင်မြင်မှု မရခဲ့ပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ ချန်ပီယံ ဆု ၁ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ၂၀၀၈−၂၀၀၉ ရာသီဟာ ချန်ပီယံဖြစ်ခဲ့ရာမှာ ရှက်တာဟာ အီတလီကလပ်တွေဖြစ်တဲ့ အေစီမီလန်ရဲ့ တူးဖီးနီးစ်တို့ကို ကျော်ဖြတ်နိုင်ခဲ့ဖူး ပါတယ်။ ဒီရာသီ ယူရိုလိဂ်မှာ ခြေစွမ်းကောင်းနေပြီး ၅ ပွဲကစားရာမှာ ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ရှုံးပွဲမရှိဘဲ တိုက်စစ်ကလည်း တစ်ပွဲ ၂ ဂိုးနဲ့ အထက်သွင်းနိုင်ခဲ့ပါတယ်။ ရှက်တာမှာ ပက်ထရစ်နဲ့ မိုရေစ်ခြေစွမ်း နေခဲ့ပါတယ်။ ခံစစ်ပိုင်းကတော့ စိတ်မချရသေးပါဘူး။ ဒီရာသီဥရောပပြိုင်ပွဲ ၁၁ ပွဲမှာ ၁၀ ပွဲထိ ဂိုးပေးခဲ့ ရပါတယ်။
ဒီရာသီမှာ ရှက်တာတို့ တိုက်စစ်အားကောင်းနေပါတယ်။ အင်တာနည်းပြကွန်တီဟာ ဥရောပ အောင်မြင်မှု လောက်လောက်လားလားမရှိပေမယ့် ဒီရာသီ ယူရိုပါလိဂ်မှာ ၄ ပွဲကစား ၄ ပွဲစလုံးနိုင်အောင် စွမ်းဆောင်ထားပါတယ်။ အဓိက တိုက်စစ်မှူးလူကာကူကလည်း သူ့ရဲ့ကစားသမားဘဝ အကောင်းဆုံး ရာသီကိုပိုင်ဆိုင်ထားနေပါပြီ။ ပြိုင်ပွဲစုံ ၃၁ ဂိုးထိသွင်းထားပါတယ်။ ယူရိုပါလိဂ်မှာ ၉ ပွဲဆက် လူကာကူ ဂိုးသွင်းထားပါတယ်။ ရှက်တာတို့ ခံစစ်လုံးဝစိတ်မချရပါဘူး။ အင်တာတိုက်စစ်ကို ဂိုးပေးရမှာပါ။ အင်တာနဲ့ ရှက်တာတို့ရဲ့ ယှဉ်ပြိုင်မှုကနေ ဘယ်အသင်းဖိုင်နယ်ကိုတက်ရောက်မလဲဆိုတာတော့ ဩဂုတ် ၁၇ ရက် (တနင်္လာနေ့) ည ၁ နာရီခွဲအချိန်မှာ စောင့်ကြည့်ကြဖို့တော့လိုမယ်ထင်ပါတယ်။
(So)