နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်လမြိုင်မြို့နယ်၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မော်လမြိုင် ဧပြီ ၁၉ ဧပြီ ၁၈ ရက်၊ ညနေ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် မော်လမြိုင်မြို့၊ (၉)ရပ်ကွက်နေ ချမ်းချမ်းအောင်(၂၃)နှစ်၏နေအိမ်သို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက် ရှာဖွေရာ ယင်းနှင့် အောင်မျိုးဝင်း(၃၁)နှစ်ပါ ကျား ၅ ဦးအား တွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် ဘိန်းစာမှုန့် ၂ ဒသမ ၃ ကီလို၊ ဘိန်းစာရွက် ၆ ဒသမ ၇ ကီလို၊ ပလတ်စတစ်ဘူးဖြင့် ထည့်ထားသည့် ဘိန်းစာရည် ၁၁၆ လီတာနှင့် ဆိုင်ကယ် ၄ စီးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဧပြီ ၁၉ ရက်၊ နံနက် ၁ နာရီ ၁၅ မိနစ်အချိန် ချမ်းချမ်းအောင်ပါ ၆ ဦး (ဖမ်းမိ)တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ