နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာငွေ ၂ သိန်းဝန်းကျင်သာ ကျသင့်မည့် Realme C12

ဩဂုတ်  ၁၆


Realme တန်ဖိုးသင့် C-series မှ အသစ်ထွက်ရှိလာသည့် Realme C12 ကို အင်ဒိုနီးရှားတွင် မိတ်ဆက် လိုက်ပြီဖြစ်သည်။

Realme C12 သည် entry-level ဖုန်းတစ်လုံးဖြစ်ပြီး ကျောဘက်တွင် စတုရန်းကင်မရာကွက်ဖြင့် Geometric Gradient ဒီဇိုင်း အသုံးပြုထားသည်။ waterdrop notch အသုံးပြုထားပြီး ၆.၅ လက်မ HD+ LCD display ဖြင့် ထွက်ရှိလာသည့် တန်ဖိုးနည်းဖုန်းတစ်လုံးအနေဖြင့် Realme C12 တစ်လုံးဖြစ်သည်။

6000 mAh ဘက်ထရီပါဝါ ပါရှိပြီး Charging speed အနေဖြင့် 10W သာပါရှိပြီး display အောက်ခြေတွင် ဘောင်အနည်းငယ်ထူပြီး အပေါ် notch ထဲတွင် 5MP selfie ကင်မရာအသုံးပြုထားသည်။ ကျောဘက်တွင် ကင်မရာသုံးလုံးတွဲပါဝင်ပြီး မြန်မာငွေ ၂ သိန်းနီးပါးမှသာ ကျသင့်မည့် အဆိုပါဖုန်းတွင် 13MP primary sensor ၊ 2MP monochrome sensor နှင့် 2MP macro lens ဆိုပြီး ကျောဘက်ကင်မရာသုံးလုံးပါရှိသည်။ ကင်မရာ features များအနေဖြင့် beauty mode, HDR, panoramic view, portrait mode, time-lapse, HDR, slow-motion, nightscape စသည့် လုပ်ဆောင်ချက်များ အသုံးပြုနိုင်မည်ဖြစ်သည်။

Helio G35 SoC ၊ RAM 3GB/32GB storage နှင့်အတူ microSD card မှထပ်ပြီး storage မြှင့်နိုင်အောင် လည်းလုပ်ဆောင်ပေးထားသည်။ OS စနစ်အနေဖြင့် Android 10 ကို အခြေခံထားသည့် Realme UI ဖြင့် ထွက်ရှိလာမည်ဖြစ်သည်။ ကျောဘက်တွင် fingerprint scanner အသုံးပြုထားပြီး Marine Blue နှင့် Coral Red အရောင် ၂ ရောင်ထွက်ထားသည်။ အဆိုပါဖုန်းကို မြန်မာငွေကျပ် ၁ သိန်း ၇ သောင်းခွဲကျော်သာ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။                                                                                             

 (HWY)






အခြားဆက်စပ်သတင်းများ