ရန်ကုန် ဧပြီ ၁၉ ဧပြီ ၁၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဇေယျအိမ်ရာနေ ဒေါ်စန္ဒာထွန်း(၄၂)နှစ်သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ (၂)ရပ်ကွက်မှ နေအိမ်သို့ ရန်ကုန်-ညောင်တုန်းကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်းပြန်လာစဉ် (၃)ရပ်ကွက်အရောက်၌ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေသူ ဟန်ဝင်းအောင်မှာ ဆိုင်ကယ်ဖြင့် နောက်မှရောက်ရှိလာပြီး ဖုန်း ၁ လုံးနှင့် ငွေ ၁၈၀,၀၀၀ ကျပ် ထည့်ထားသည့် ပိုက်ဆံအိတ်အား လုယူထွက်ပြေးသွားသဖြင့် ဧပြီလ ၁၈ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်အချိန် ဟန်ဝင်းအောင်(၃၁)နှစ်(ဖမ်းမိ)အား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း၊ (ပ)၂၆၅၇/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂ (ခိုးမှုကျူးလွန်စဉ် နာကျင်စေမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ဆွေဦး