နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်

ရန်ကုန် ဧပြီ ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နိမိတ်အတွင်းရှိ အများပြည်သူများသိရှိစေရန် ဧပြီ ၁၈ ရက်ကစပြီး ညဘက်အပြင်မထွက်ရန် ဒေသန္တရအမိန့်ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ COVID-19 ရောဂါ သည် အများပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်စေသည့်အပြင် အသက် အန္တရာယ် သေဆုံးသည်အထိ ဖြစ်လာနိုင်သဖြင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သတ်မှတ်နယ်နိမိတ်အတွင်း နေထိုင်သူ များ နေအိမ်ပြင်ပထွက်ခွာခြင်း၊ စုဝေးခြင်းများကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၈ ရက်မှစတင်၍ အမိန့်တစ်စုံတစ်ရာ ထပ်မံထုတ်ပြန်မှုမရှိမခြင်း နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း သွားလာခြင်းများမပြုကြရန် ဒေသန္တရ အမိန့်ထုတ်ပြန်ကြေညာခဲ့ကြောင်း တွေ့ရစဉ်။ မြင့်ရီ (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ