နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသိဉာဏ်ဖြင့် ဆင်ခြင်သုံးစွဲရေး

ရန်ကုန်၊ ဩဂုတ် ၁၆


မြန်မာနိုင်ငံတွင် လူသုံးများပြားသော လူမှုကွန်ရက်ဖြစ်သည့် ဖေ့ဘွတ်ပေါ်တွင် လူများတုံ့ပြန်မှုအများဆုံး ဖြစ်သည်။ မီဒီယာပလက်ဖောင်းအနေဖြင့် လူမှုကွန်ရက်များခေတ်သို့ ပြောင်းခဲ့ပြီဖြစ်သည်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ၊ ရုပ်သံ၊ ရုပ်ရှင်စသည်တို့တွင် မတွေ့မြင်နိုင်သည့်အရာမျိုးကို လူမှုကွန်ရက်တွင် အလွယ်တကူရရှိနိုင် ပြီး တုံ့ပြန်မှုအမျိုးမျိုး ဒုနှင့်ဒေး၊ ဖေ့ဘွတ်ပေါ်တွင် အလွယ်တကူရရှိနိုင်သည့် အကြောင်းအရာနှင့် သတင်း အချက်အလက်များတွင် ပြဿနာများလည်းရှိသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျေးလက်ဒေသနှင့် ဝေးလံခေါင်သီသော နေရာများတွင် မိုဘိုင်းလ်ဖုန်းများမှ တစ်ဆင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများတွင် အရေးပါသောဆက်သွယ်မှု အသုံးချနိုင်ရေးတွင် စိန်ခေါ်မှုများ ရှိနေသည်။ နည်းပညာမြင့်မားလာမှုနှင့် အားသာချက်၊ အားနည်းချက်များကို ဆင်ခြင်သုံးသပ်နိုင် သည့် သုံးစွဲသူများ အသိဉာဏ်ပညာများ တိုးတက်စေချင်သည်။

မီဒီယာကျင့်ဝတ်ကို မသိနားမလည်သည့် သာမန်ပြည်သူများ တင်လိုက်သည့်သတင်းအကြောင်းအရာ အဖြစ်အပျက်များသည် အမြောက်အမြားရှိနေခြင်း၊ သတင်းမီဒီယာ အယောင်ဆောင်ပေ့ချ်များလည်း များစွာ ရှိနေခြင်းဖြစ်သည်။ သတင်းတု၊ သတင်းယောင်များနှင့် လူအများစိတ်ဝင်စားအောင် ဆွဲဆောင်လျက်ရှိသည်။

ဖေ့ဘွတ်ကဲ့သို့ လူမှုကွန်ရက်မီဒီယာများတွင် အကောင်းရော၊ အဆိုးပါ ဒွန်တွဲနေရာသုံးစွဲသူများက           သတိထားဆင်ခြင်ချင့်ချိန်နိုင်ဖို့ အရေးကြီးသည်။ ပြည်သူလူထုအတွင်း ထိတ်လန့်အောင်၊ အမုန်းတရားများ ပြန့်ပွားအောင်၊ ရန်ငြိုးစအာဃာတကြီးထွားအောင် လူမှုကွန်ရက်များမှတစ်ဆင့် ယုတ်ညံ့စွာဆောင်ရွက်တတ်ကြ သည် ဖြစ်သည်။ 

မြန်မာနိုင်ငံ၌ ဖေ့ဘွတ်သုံးစွဲသူ ၂၂ သန်းရှိသည်ဟု ဆိုသည်။ ဖေ့ဘွတ်ကဲ့သို့ လူမှုကွန်ရက်မီဒီယာများတွင် သုံးစွဲသူများတွင် အသိဉာဏ်ပညာသည် အကောင်းအဆိုး၊ အကြောင်းအကျိုးတို့ကို ဝေဖန်ပိုင်းခြားသိနိုင်ရန် အစဉ်သဖြင့် နှလုံးသွင်းဆင်ခြင်စေသင့်ကြောင်း။       ။






အခြားဆက်စပ်သတင်းများ