နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID – 19 ကာလအတွင်း ချေးငွေနဲ့အတိုး တင်းကြပ်စွာကောက်ခံပါက အရေးယူမည်

ရန်ကုန် ဧပြီ ၁၉ တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများ အနေဖြင့် COVID – 19 ဖြစ်ပွား သတ်မှတ်ကာလအတွင်း ချေးငွေနှင့် အတိုးများကို တင်းကြပ်စွာ ကောက်ခံမည်ဆိုပါက အရေးယူမည် ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အောက်ရှိ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက တရားဝင် ကြေညာချက် ထုတ်ပြန်သည်။ လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ မြို့နယ် ရပ်ကွက်၊ ကျေးရွာတို့ရှိ ငွေရေးကြေးရေးအဖွဲ့များအနေဖြင့် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်သည့် အမိန့် ညွှန်ကြားချက်များကို မပျက်မကွက် လိုက်နာဆောင်ရွက်ရေးအတွက်ကိုပါ ထည့်သွင်းကြေညာထားခြင်း ဖြစ်သည်။ “တချို့သော အသေးစားငွေး ရေးကြေးရေးအဖွဲ့အစည်းများက လိုက်နာမှုမရှိဘဲ ဒေသန္တရအမိန့်များကို ဖောက်ဖျက်ပြီး အသင်းဝင် နေအိမ်များထံ သွားရောက် ချေးငွေပြန်လည်ကောက်ခံနေတာတွေရှိတယ်။ ဒါကြောင့် ချေးငွေနဲ့အတိုးကိုတင်းကြပ်စွာကောက်ခံတာ တွေမလုပ်ဖို့ နဲ့ စည်းကမ်းချက်ကိုမလိုက်နာရင် အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပါ လိုင်စင်ရုပ်သိမ်းတဲ့အထိ အရေးယူမှာဖြစ်ပါတယ််”ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အောက်ရှိ ငွေရေးကြေးရေး ကြီးကြပ်စစ် ဆေးရေး ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် ထုတ်ပြန်ချက် စတင်ထုတ်သည့် ဧပြီလ ဒုတိယ ပတ်မှစတင်၍ ဧပြီလကုန် ၃၀ ရက်အထိ အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ခေတ္တဆိုင်းငံ့ရန်နှင့် ချေးငွေအပြင် အတိုးကောက်ခံမှုများကိုပါ အတင်းအကြပ်ကောက်ခံမှုများ မပြုလုပ်ရန် အသိပေးထားပြီ ဖြစ်ကြောင်း သိရသည်။ အလားတူ ရုံးခွဲအသစ်ဖွင့်ခြင်း၊ လုပ်ငန်းနယ်မြေတိုးချဲ့ခြင်း၊ ရုံးခွဲလိပ်စာပြောင်းလဲခြင်း၊ ရုံးချုပ်လိပ်စာ ပြောင်းလဲခြင်းနှင့် ငွေကြေးဝန်ဆောင်မှု အသစ်ခွင့်ပြုခြင်းများကိုလည်း ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနက ခေတ္တဆိုင်းငံ့ထားမည်ဖြစ်သည်။ သို့ရာတွင် လက်ရှိမြေပြင်၌ အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း အချို့အနေဖြင့် ညွှန်ကြားချက်ကို မလိုက်နာသည့်အပြင် ဒေသန္တရအမိန့်ဖောက်ဖျက်ပြီး ချေးငွေကောက်ခံခြင်း၊ ချေးငွေများ ပြန်ဆပ်ရန် ဖိအားပေးမှုများ ရှိနေဆဲပင်ဖြစ်ကာ ယင်းတို့ကို စိစစ်ပြီး အရေးယူမှုများ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ