နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ကာလအတွင်း ကမ္ဘာ့ရေနံဈေးနှုန်း အကျပ်အတည်းနှင့်ကြုံတွေ့ရသော်လည်း ပီတီတီအီးပီမြန်မာ့စီမံကိန်း သည် ၂၀၂၀ စီးပွားရေးစီမံကိန်းအတိုင်း ရှေ့ဆက်သွားရန်ရှိ

ရန်ကုန် ဧပြီ ၁၉ လက်ရှိဖြစ်ပွားလျက်ရှိသည့် COVID-19 ရဲ့ ရိုက်ခက်မှုကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ အကျပ်အတည်းနှင့် ရင်ဆိုင် ကြုံတွေ့နေသော်လည်း ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် ကြိုတင်လျာထားချက်များအတိုင်း လုပ်ငန်းများကို ဆက်လက်လည်ပတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း PTTE မြန်မာမှ သိရသည်။ သဘာဝဓာတ်ငွေ့ဝယ်ယူသူများဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)နှင့် ပီတီတီ(PTT) တို့အား စဉ်ဆက်မပြတ်ထောက်ပံ့နိုင်သည့် အကြောင်းအရင်းမှာ ပီတီတီအီးပီမြန်မာ့စီမံကိန်းမှ အကောင်အထည်ဖော် ထားသောစီးပွားရေးအဆက်မပြတ်စီမံခန့်ခွဲမှု စီမံကိန်း Business Continuity Management (BCM) plan ရှိခြင်းကြောင့်ဖြစ်ပြီး ကုမ္ပဏီအနေဖြင့် အနာဂတ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ စီမံကိန်းများဖြင့် လိုက်လျောညီထွေစွာ ဆောင်ရွက်သွားနိုင်ရန် အဆင့်သင့် ဖြစ်နေကြောင်း PTTEP မြန်မာ မှ သိရသည်။ “ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 ကြောင့် မတ်လကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းမှု ၆၀% ခန့်ဟာ ယခုနှစ်အတွက် လျာထားတဲ့ ပီတီတီအီးပီရဲ့ ရောင်းအားပမာဏ အပေါ် သိသိသာသာ သက်ရောက် ရိုက်ခက်မှု ရှိမှာမဟုတ်ပါဘူး။ ယခုနှစ်အတွက် ကြိုတင် ရည်မှန်းထားတဲ့ တစ်နေ့လျှင် ရေနံ စည်ပေါင်း ၃၈၈၀၀၀ ပျမ်းမျှရောင်းအားမှာ ၅% အောက်သာ လျော့နည်းနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဆက်လက်ပြီး ပီတီတီအီးပီ၏ ကုန်ထုတ်လုပ်မှု အများစုကို ကိုယ်စားပြုထားတဲ့ သဘာဝဓာတ်ငွေ့ ရောင်းချမှုပမာဏကိုလည်း အရောင်းသဘောတူညီချက်စာချုပ်များအတိုင်း လုံလောက်စွာ ထုတ်လုပ်ရရှိပြီးဖြစ်ပါတယ်။ စုစုပေါင်း ရောင်းအား၏ ၃၀ ရာခိုင်နှုန်းကို နေရာယူထားတဲ့ ရေနံစိမ်းရောင်းဈေးကတော့ ပြင်ပမှာ ဈေးနှုန်းမကျစေရေးအတွက် စီမံတာတွေလုပ်ဆောင်နေလည်းပဲ ရေနံ ဈေးကွက် မတည်ငြိမ်မှုတို့ကြောင့် တိုက်ရိုက်သက်ရောက်မှု ရှိနေပါတယ်။ စီမံကိန်းတော်တော်များများအတွက် သဘာဝဓာတ်ငွေ့ဈေးနှုန်းများကို ရောင်းဝယ်ရေး သဘောတူညီချက် များအတိုင်းလည်း ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုရေနံဈေးနှုန်းကျဆင်းမှုဟာ ဆက်လက် ကြာရှည်ဦးမယ်ဆိုရင် အနာဂတ်မှာ ပီတီတီအီးပီအတွက် အကျိုးသက်ရောက်မှုကတော့ အတိုင်းအတာ တစ်ခုထိ ရှိလာမှာပါ။” ဟု ပီတီတီအီးပီ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သော Mr. Phongsthorn Thavisin က ပြောသည်။ မကြာသေးမီက မြန်မာနိုင်ငံရှိ ဇောတိကကမ်းလွန်စီမံကိန်း၏ 1A ၊ 1B နှင့် 1C တို့၏ လုပ်ဆောင်ဆဲ အဆင့်တွေကို ပြန်လည်သုံးသပ်မှု ဆောင်ရွက်ခဲ့ရာတွင် စာချုပ်ပါ ကတိကဝတ်များအတိုင်း ခွင့်ပြုထားသည့် တိုးချဲ့ကာလအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့များကို လုံလောက်စွာ ထုတ်လုပ်နိုင်မည့် ရေနံသိုက်များ တည်ရှိနေကြောင်း ဖော်ပြလျက်ရှိသည်။ အဆိုပါစီမံကိန်း၏ စီးပွားရေးကဏ္ဍ အလုံးစုံကို ထိခိုက်မှုမရှိနိုင်သော ကြောင့် 1D ၏ လုပ်ဆောင်မှုအဆင့်အတွက် လိုအပ်သောဝယ်ယူမှု လုပ်ငန်းစဉ်များကို ခေတ္တ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့၏ ရေနံနှင့်သဘာဝ ဓာတ်ငွေ့လိုအပ်ချက်များကို စာချုပ်ပါ ကတိကဝတ်များအတိုင်း ဖြည့်ဆည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ