နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်မြို့နယ်၌ အသွားအလာကန့်သတ်(Lockdown)ပြုလုပ်ထားသည့် လမ်းများအား လှုမှုရေးဝန်ကြီး ဦးနိုင်ငံလင်း လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန် ဧပြီ ၁၉ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အသွားအလာကန့်သတ် (Lockdown)ပြုလုပ်ထား သည့် လမ်းများအား လှုမှုရေးဝန်ကြီး ဦးနိုင်ငံလင်း လိုက်လံကြည့်ရှုစစ်ဆေးခြင်းကို ဧပြီ ၁၈ ရက် နေ့လယ် ၁ နာရီအချိန်က စစ်ဆေးခဲ့သည်။ ကြည့်ရှုစစ်ဆေးရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း သည် အင်းစိန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ အင်းစိန်မြို့နယ်၌ ထပ်မံတွေ့ရှိခဲ့သော အတည်ပြုလူနာနှစ်ဦး ဖြစ်သည့် Case(93) ကွက်သစ်ရပ်ကွက်(၁)လမ်းနှင့် Case(94) မြိုသစ်(က+ခ)ရပ်ကွက်၊က/၅ လမ်းတို့ကိုအပိုင်းလိုက် အသွားအလာကန့် သတ်ခြင်း(Lockdown) ထားရှိမှု အခြေအနေများအား လိုက်လံ၍ စစ်ဆေးကြည့်ရှု မှာကြားခဲ့သည်။ ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ရပ်ကွက်မှတာဝန်ရှိသူများအား ရောဂါကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ လုပ်ဆောင်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး အင်းစိန်၌ ယခုနှစ်ဦးအပါအဝင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ ၁၉ ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။ ဇွဲထက်ကို(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ