နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Grab Food အစားအသောက်များကို KBZ Visa ကတ်အသုံးပြုကာ မှာယူစားသောက်နိုင်ပြီ

ရန်ကုန်   ဩဂုတ်  ၁၅

Grab Food ကိုစတင်အသုံးပြုမည့် KBZ Visa ကတ်ဖြင့် မှာယူသူတိုင်းအတွက် ကျပ် ၁၅,၀၀၀ အထိ သက်သာစေမည့် အထူးအခွင့်အရေးများပါ ရရှိနိုင်ပြီဖြစ်သည်။
ပရိုမိုးရှင်းကာလတွင် ဩဂုတ် ၁၅ ရက်မှစပြီး ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်အထိ မည်သည့် အစားအသောက်ကိုမဆို Grab Food တွင် KBZ Visa ကတ်ဖြင့် ငွေပေးချေပြီး မှာယူနိုင်ပြီဖြစ်သည်။ စည်းကမ်းသတ်မှတ်ချက်များအနေဖြင့် မြန်မာနိုင်ငံမှထုတ်လုပ်သော Visa ကတ်များဖြင့်ပြုလုပ်သည့် ငွေချေမှုများအတွက်သာ အကျုံးဝင်မည်ဖြစ်သည်။ ပထမဆုံး Grab Food ကိုအသုံးပြုပြီး စားချင်တာမှာယူ မည့်သူများအတွက် ကျပ်တစ်သောင်းဖိုးနှင့်အထက်မှာယူပါက “FOODVISA” ဆိုသည့် Promo Code ကို အသုံးပြုပြီး Visa ကတ်ဖြင့် ငွေပေးချေပါက ၅,၀၀၀ ကျပ် လျှော့ဈေး ၃ ကြိမ်ရရှိမည်ဖြစ်သည်။
အထူးအခွင့်အရေးကို ပရိုဂရမ်ကာလအတွင်း ပရိုမိုကုဒ်သုံးသူများကို ဦးရာလူစနစ်ဖြင့် ပေးအပ်သွားမည် ဖြစ်သည်။ ယခုအခွင့်အရေးသည် အခြားပရိုမိုးရှင်းများ၊ လျှော့ဈေးများဖြင့်တွဲဖက်အသုံးပြုခွင့်မရှိပေ။ အဆိုပါ အခွင့်အရေးကို အောက်တိုဘာလ ၃၁ ရက်အထိသာရရှိမည်ဖြစ်သည်။                                                 

 (WP)






အခြားဆက်စပ်သတင်းများ