နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကပ်ရောဂါကာလအတွင်း တောင်အာဖရိကနိုင်ငံ၏ ရာဇဝတ်မှု ၄၀ ရာခိုင်နှုန်း ကျဆင်း

ဂျိုဟန်နက်စ်ဘတ်    ဩဂုတ်    ၁၅

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တောင်အာဖရိကနိုင်ငံတွင် ပိတ်ဆို့ထားသည့် ပထမ သုံးလအတွင်း ရာဇဝတ်မှု ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း တရားဝင်ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြသည်။ ပြီးခဲ့သည့်ဧပြီလမှ ဇွန်လအတွင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု၊ မီးရှို့မှုများအပါအဝင် ရာဇဝတ်မှုအမျိုးအစား အများစု ကျဆင်းသွားခဲ့သည်ဟု ရဲတပ်ဖွဲ့ဝန်ကြီးက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့ထားစဉ်ကာလအတွင်း အငြင်းပွားဖွယ် အရက်သေစာ ရောင်းချမှု ပိတ်ပင်ခြင်းမှာလည်း ရာဇဝတ်မှုများ လျော့နည်းသွားအောင် ကူညီပေးကြောင်း၊ သို့သော် ကပ်ရောဂါကာလအတွင်း ယမကာစတိုးဆိုင်များအပေါ် တိုက်ခိုက်မှုများ မြင့်တက်ခဲ့ကြောင်း ယင်းက ဆိုသည်။

တောင်အာဖရိကနိုင်ငံမှာ ကမ္ဘာပေါ်တွင် ရာဇဝတ်မှုနှုန်း အမြင့်မားဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ထို့အပြင် အာဖရိကတိုက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများအနက် တစ်ဝက်ကျော်မှာ တောင်အာဖရိကနိုင်ငံတွင် နေထိုင်သူများဖြစ်သည်။ တောင်အာဖရိကနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀၀၀၀၀ ကျော်ရှိပြီး လူ ၁၁၀၀၀ သေဆုံးခဲ့သည်။

ကပ်ရောဂါကာလအတွင်း ရာဇဝတ်မှု ကျဆင်းသွားခြင်းမှာ ရာဇဝတ်မှု ထူပြောခဲ့သည့် တောင်အာဖရိကအတွက် ယခင်က မမြင်ခဲ့ဖူးသည့် ငြိမ်းချမ်းရေးနှင်းဆီပွင့် ဖြစ်သည်ဟု ရဲတပ်ဖွဲ့ဝန်ကြီး ဘီခီဆယ်လီက ဆိုသည်။ တောင်အာဖရိကနိုင်ငံတွင် မတ်လ ၂၇ ရက်မှ ဇွန်လ ၁ ရက်ကြားကာလအတွင်း အရက်သေစာ ရောင်းချမှု ပိတ်ပင်ခဲ့ပြီး နောက်ပိုင်းတွင် ဖြေလျှော့ပေးခဲ့သော်လည်း ဇူလိုင်လ ၁၂ ရက်မှစ၍ ယနေ့အချိန်အထိ တစ်ကျော့ပြန် ပိတ်ပင်ထားဆဲဖြစ်သည်။                                                     

KNT






အခြားဆက်စပ်သတင်းများ