နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဗန်ကောက်    ဩဂုတ်    ၁၅

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ရန် တိုက်တွန်းမှုအားကောင်းလာချိန်တွင် ထိုင်းရဲတပ်ဖွဲ့က ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အသက် ၂၂ နှစ်ရှိသည့် ချီဝါရက်မှာ ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ခြင်းကြောင့် ပြီးခဲ့သည့်သောကြာနေ့က ဗန်ကောက်မြို့အစွန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့်လက ဆန္ဒပြပွဲ ကျင်းပခဲ့ပြီးနောက်ပိုင်း ကျောင်းသားများက ဆန္ဒပြပွဲများ ပုံမှန်ကျင်းပခဲ့ပြီး ထိုင်းတော်ဝင်မိသားစုအပေါ် သားပုပ်လေလွင့်ပြောခြင်း ပိတ်ပင်သည့် တင်းကျပ်သောဥပဒေကို ပြောင်းလဲရေးအပါအဝင် အခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန် တောင်းဆိုခဲ့ကြသည်။ သို့သော် ထိုင်းနိုင်ငံသားအများစုက ဆန္ဒပြသူများကို ထောက်ခံခြင်းမရှိကြောင်း ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ် သည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောသည်။

ပြီးခဲ့သည့်သောကြာနေ့က ချီဝါရက် ဖမ်းဆီးခံရခြင်းကို ယင်း၏သူငယ်ချင်းတစ်ဦးက လူမှုကွန်ရက်ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။ အဆိုပါရုပ်သံမှတ်တမ်းတွင် ရဲတပ်ဖွဲ့က စွဲချက်အများအပြား ဖတ်ကြားပြခဲ့ပြီး ယင်းကို ကားထဲထည့်ကာ ခေါ်ဆောင်သွားခဲ့သည်။ ကားထဲသို့ မဝင်မီ ချီဝါရက်က ဒီမိုကရေစီ အဓွန့်ရှည်ပါစေဟု ဟစ်ကြွေးခဲ့သည်။ ချီဝါရက်မှာ သွေးထိုးလှုံ့ဆော်မှု၊ လက်ရောက်မှု၊ ရောဂါကူးစက်စေနိုင်သည့် အခမ်းအနားကျင်းပမှု စသည့်စွဲချက်များ ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့်သောကြာနေ့က အလားတူစွဲချက်များဖြင့် ဖမ်းဆီးခံရသည့် အခြားဆန္ဒပြခေါင်းဆောင်နှစ်ဦးမှာ အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့သည်။

KNT






အခြားဆက်စပ်သတင်းများ