နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စစ်ပွဲ၏ ဝမ်းနည်းဖွယ်ဖြစ်ရပ်မျိုး ထပ်အဖြစ်ခံမည်မဟုတ်ဟု ဂျပန်ဝန်ကြီးချုပ် ကတိပြု

တိုကျို    ဩဂုတ်    ၁၅

ဒုတိယကမ္ဘာစစ်တွင် ဂျပန်နိုင်ငံ လက်နက်ချအညံ့ခံသည့် ၇၅ နှစ်မြောက် အထိမ်းအမှတ်နေ့တွင် စစ်ပွဲ၏ ဝမ်းနည်းဖွယ်ဖြစ်ရပ်မျိုး ထပ်အဖြစ်ခံမည်မဟုတ်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကတိပြုခဲ့သည်။ '' ကျွန်တော်တို့ ခိုင်မာပြတ်သားတဲ့ ကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းသွားမှာပါ''ဟု ရှင်ဇိုအာဘေးက ပြောသည်။

ရှင်ဇိုအာဘေးက တိုကျိုမြို့ရှိ အငြင်းပွားဖွယ် စစ်သင်္ချိုင်းဂူဗိမာန်ကို ဦးညွှတ်ဂါရဝပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့သော်လည်း လူကိုယ်တိုင် တက်ရောက်ဂါရဝပြုခဲ့ခြင်းမရှိပေ။ သို့သော် ဂျပန်အစိုးရအဖွဲ့၏ ဝန်ကြီးလေးဦးက ယာဆူကူနီဂူဗိမာန်သို့ သွားရောက်ခဲ့သည်။ အဆိုပါလုပ်ရပ်မှာ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများကို ဒေါသထွက်စေဖွယ်ရှိသည်။

ယာဆူကူနီဂူဗိမာန်မှာ စစ်ရာဇဝတ်မှုဖြင့် စီရင်ချက် ချမှတ်ခံထားရသူများနှင့် စစ်ပွဲအတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များကို ရည်စူးတည်ဆောက်ထားခြင်းဖြစ်၍ အငြင်းပွားဖွယ်ရှိခဲ့သည်။ ဂျပန်ဝန်ကြီးများက ယာဆူကူနီဂူဗိမာန်သို့ တက်ရောက်ခဲ့ခြင်းမှာ လေးနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။                                                 

KNT






အခြားဆက်စပ်သတင်းများ