နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတစ်ဝန်း ငြိမ်းချမ်းသည့်ဆန္ဒပြပွဲများ ကျင်းပရန် ဘီလာရုစ်အတိုက်အခံခေါင်းဆောင် တိုက်တွန်း

မင့်စ်    ဩဂုတ်    ၁၅

အငြင်းပွားဖွယ် သမ္မတရွေးကောက်ပွဲအပြီး လစ်သူယေးနီးယားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဘီလာရုစ်အတိုက်အခံခေါင်းဆောင် တီခါနော့ဗ်စကာယာက ဘီလာရုစ်နိုင်ငံတစ်ဝန်း ငြိမ်းချမ်းသည့် ဆန္ဒပြပွဲများ ကျင်းပကြရန် တိုက်တွန်းခဲ့သည်။ ၁၉၉၄ ခုနှစ်ကတည်းက အာဏာရခဲ့သည့် ဘီလာရုစ်သမ္မတ လူကာရှန်ကိုမှာ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။ သို့သော် အဆိုပါသမ္မတရွေးကောက်ပွဲကို ဥရောပသမဂ္ဂနှင့် အမေရိကန်နိုင်ငံတို့က ရှုတ်ချခဲ့သည်။

ရွေးကောက်ပွဲပြီးနောက် ဘီလာရုစ်နိုင်ငံတစ်ဝန်းတွင် သမ္မတလူကာရှန်ကိုကို ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုသည့် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့သည်။ သမ္မတရွေးကောက်ပွဲနောက်ပိုင်း ဘီလာရုစ်နိုင်ငံတွင် ဖမ်းဆီးခံရသူ ၆၇၀၀ နီးပါးရှိခဲ့ပြီး ဖမ်းဆီးခံရသူအများအပြားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိပ်စက်ခံခဲ့ရသည်ဟု ဆိုသည်။

ဆန္ဒပြပွဲများ ခြောက်ရက်ဆက်တိုက် ဖြစ်ပွားနေပြီး ပြည်နယ်စက်ရုံများမှ သပိတ်မှောက်သူအရေအတွက်လည်း မြင့်တက်လာခဲ့သည်။ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများက အရေးပေါ်ဗီဒီယိုအစည်းအဝေးလုပ်ခဲ့ပြီး အင်အားသုံးမှု၊ သတင်းအချက်အလက် မမှန်မကန် ထုတ်ပြန်မှုများအတွက် တာဝန်ရှိသည့် ဘီလာရုစ်နိုင်ငံ အရာရှိများအပေါ် အရေးယူပိတ်ဆို့မှုသစ်များ ချမှတ်ရန် သဘောတူညီခဲ့သည်။

KNT






အခြားဆက်စပ်သတင်းများ