နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမ္ဘာအေးစေတီတော်မြတ်ကြီးအား အချိန်ပြည့် ဆက်လက်ပိတ်ထားမည်

ရန်ကုန် ဧပြီ ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးအား မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များပြီးနောက်၊ ဧပြီ ၁၉ ရက်နောက်ပိုင်းတွင်လည်း အချိန်ပြည့်ဆက်လက် ပိတ်ထားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ ဘုရားဂေါပကအဖွဲ့မှ သိရသည်။ ရန်ကုန်မြို့ကြီးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှုကို တတ်နိုင်သမျှတားဆီး ကာကွယ်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီးအား မြန်မာ နှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သော ဧပြီ ၁၀ ရက်မှ ၁၉ ရက်အထိ အချိန်ပြည့် ပိတ်ထားခဲ့ရာမှ ဧပြီ ၁၉ ရက် နောက်ပိုင်းတွင်လည်း အလားတူ ဆက်လက်ပိတ်ထားရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။ ပြည်တွင်းရှိ အခြားသော အရပ်ဒေသများထက် လူဦးရေသိပ်သည်းသော ရန်ကုန်မြို့ကြီးတွင် ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ခံရသူ ဦးရေ သိသာစွာ တိုးတက်များပြားလာသောကြောင့် တစ်ဖက် တစ်လမ်းမှ ကြိုတင်ကာကွယ်သည့်အနေဖြင့် ယခုကဲ့သို့ သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော်မြတ်ကြီးအား အချိန်ပြည့် ဆက်လက်ပိတ်ထားရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းကာ ဆုံးဖြတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သီရိမင်္ဂလာ ကမ္ဘာအေးစေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် ဧပြီ ၃၀ ရက်အထိ အချိန်ပြည့် ဆက်လက်ပိတ်ထားရန် ရည်ရွယ်ထားပြီး ဘုရားရင်ပြင်တော် သာမက ဘုရားဝင်းတစ်ခုလုံးအပြင် ဝင်းတံခါးများကိုလည်း ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ