နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကောင်းဆုံးအားကစားသမားဆုရ နေမာ အသင်းကို ဆီမီးကိုပို့ပေးတဲ့သူကို အမှတ်တရအဖြစ်လွှဲပေး

ဩဂုတ်  ၁၅

PSG   အသင်းနဲ့ အတ္တလန္တာတို့ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အတ္တလန္တာတို့ဉီးဆောင်ဂိုးအရင်ဆုံးရရှိခဲ့ပါတယ်။ ဒီဂိုးကို ၂၇ မိနစ်အချိန်မှာကတည်းက သွင်းယူခဲ့တာပါ။ ဦးဆောင်ဂိုးအဖွင့်ဂိုးပေးလိုက်ရတဲ့   PSG  ဟာ နေမာ၊ အီကာဒီ၊ ဘာပေ၊ ချူပိုမိုတင်းစတဲ့တိုက်စစ်သမားအစုံအလင်အသုံးပြုကစားခဲ့တာပါ။   တိုက်စစ် အားကောင်းပေမယ့် နာကျင်အချိန်ပိုရောက်မှသာ ချေပဂိုးနဲ့အနိုင်ဂိုးတွေကိုသွင်းယူနိုင်ခဲ့တာပါ။ ဒီပွဲမှာနေမာ တစ်ယောက် ဂိုးသွင်းယူနိုင်ခြင်းမရှိပါဘူး။

ဒါပေမယ့် ပွဲချိန်အပြည့်အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ပြိုင်ဘက်ခံစစ်ကိုအခက်တွေ့အောင်ကစား နိုင်ခဲ့ပါတယ်။ နေမာဟာ ဘောလုံးနဲ့အတူ ဆွဲပြေးဖြတ်ကျော်နိုင်မှု ၁၆ ကြိမ်အထိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။    PSG   တို့ အတ္တလန္တာကို ၂-၁ ဂိုးနဲ့နိုင်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီလို    PSG   အသင်း ဆီမီးဖိုင်နယ်တက်ရောက်ဖို့ စွမ်းဆောင်ပေးခဲ့တာကတော့ ချူပိုမိုတင်းရဲ့ အချိန်ပိုအပြန်အလှန်ကစား ရာမှ သွင်းယူခဲ့တဲ့အနိုင်ဂိုးကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် PSG ရဲ့ ၂၅ နှစ်ကြာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်နဲ့ ဝေးကွာနေမှုကို ချူပိုမိုတင်းက ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ နေမာဟာ ချူပိုမိုတင်းရဲ့ စွမ်းဆောင်ရည် အပေါ်မှာအကျေနပ်ကြီးကျေနပ်နေခဲ့ကာ အသင်းဆီမီးရောက်လို့ အပျော်ကြီးပျော်နေပါတယ်။

ဒီနောက် အသင်းဖော်ချူပိုမိုတင်းကို သူရရှိခဲ့တဲ့ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ဂုဏ်ပြုပေးအပ်ခဲ့ ပါတယ်။ ချူပိုမိုတင်းဟာ နေမာ၊ အီကာဒီ၊ ဘာပေတို့ရဲ့နောက်မှာသာ ဦးစားပေးပွဲထွက်ခွင့်ရနေခဲ့တာပါ။ ချူပိုမိုတင်းအနေနဲ့လည်း အသင်းဖော်ဆီက အသိအမှတ်ပြု၊ ဂုဏ်ပြုမှုကိုရရှိတာကြောင့် ဝမ်းသာပီတိဖြစ်လျက်ရှိပါတယ်။   
                                                                                                                         (SO)






အခြားဆက်စပ်သတင်းများ