နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသက် ၁၈ နှစ်အရွယ် ဘရာဇီးသားလေးကို နည်းပြ ကလော့ပ် ခေါ်ယူလို

ဩဂုတ်  ၁၅

နေမာလက်သစ်ရယ်လို့ ပြောနေကြတဲ့ ဗက်စကိုဒဂါးမားအသင်းရဲ့ တိုက်စစ်မှူးလေး တဲလက်စ်မက်နိုကို ခေါ်ယူဖို့ လီဗာပူးလ်နည်းပြ ကလော့ဂ်ဆွေးနွေးမှုတွေစတင်နေပါပြီ။ တဲလက်စ်မက်နိုဟာ U-17 ကမ္ဘာ့ ဖလားမှာ ဗိုလ်စွဲခဲ့တဲ့ ဘရာဇီးလ်အသင်းအတွက် ခြေစွမ်းပြကစားခဲ့တဲ့သူပါ။

မက်စ်နိုဟာ တိုက်စစ်နေရာစုံကစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။ ဗက်စကိုဒဂါးမားမှာတော့ ဘယ်တောင်ပံ တိုက်စစ်မှာကစားတာပါ။ နည်းပြကလော့ဂ်က သုံးဦးတွဲတိုက်စစ်အတွက် ကာဗာလုပ်ပေးနိုင်မယ့် အရည်အသွေးရှိ ကစားသမားရှာဖွေနေတာပါ။ မက်နိုဟာ ဗက်စကိုဒဂါးမားအတွက် ၁၅ ပွဲပါဝင်ကစားရာ နှစ်ဂိုးသွင်းပေးနိုင်ခဲ့ပြီး နိုင်ငံတကာပွဲစဉ်မှာတော့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် နားနေခဲ့ရပါတယ်။ ခုအချိန်မှာ ကြံ့ခိုင်မှုအပြည့်အဝရှိနေပါပြီ။ မက်နိုကို အေစီ၊ ဘာစီ၊ ချဲလ်ဆီး၊ PSG ၊ ရီးရဲလ်တို့က စိတ်ဝင်စားပေမယ့်လည်း  ဘရာဇီးလ်သားကတော့ လီဗာပူးလ်မှာသာ ကစားချင်ဆုံးနေရာလို့ပြောဆိုခဲ့ပါတယ်။ မက်နိုနဲ့ ဗက်စကို ဒဂါးမားတို့ရဲ့ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၂ ထိရှိနေတာကြောင့် စာချုပ်ဖျက်သိမ်းကြေးက ယူရိုသန်း ၄၈ သန်းဖြစ်ပါတယ်။

ဒါပေမယ့် ဘရာဇီးလ်ကလပ်ရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် လျှော့ဈေးနဲ့ခေါ်ယူလို့ရနိုင်ပါတယ်။ လီဗာပူးလ်ဟာ နာမည်ကြီးကစားသမားတွေခေါ်ယူသွားမှာမဟုတ်ပါဘူး။ အရည်အသွေးမြင့်ပြီး ငွေကြေးအရ သက်သာမှုရှိတဲ့သူတွေပဲပစ်မှတ်ထားခေါ်သွားမှာပါ။ လီဗာပူးလ်ဟာ ရောဘတ်ဆန်ရဲ့ ကာဗာအဖြစ် အိုလံပီယာကော့မှ ကိုစတပ်ဆီဗီကတ်စ်ကို ပေါင် ၁၁ ဒသမ ၇၅ သန်းနဲ့ ခေါ်ယူထားပြီးဖြစ်ပါတယ်။ အခုချိန်မှာ အိုရီဂီ၊ တကုမီ၊ မီနာမီနိုတို့ သုံးဦးတွဲတိုက်စစ်ကို ကာဗာလုပ်ဖို့ကစားသမားတွေရှိနေပေမယ့် ပုံစံကောင်းမပြနိုင်တဲ့သူ၊ အထိုင်မကျသေးတဲ့သူ၊ အရည်အသွေးကျဆင်းနေတဲ့သူတွေအဖြစ်တွေ့ရှိနေရပါ တယ်။ ဒါကြောင့် အနာဂတ်အတွက် ကလော့ဂ်က မက်နိုဟာအသုံးဝင်မယ့် အားဖြည့်မှုတစ်ခုအဖြစ် မက်နိုကို အရခေါ်ယူတော့မှာပါ။

(SO)






အခြားဆက်စပ်သတင်းများ