နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အပြောင်းအရွှေ့ဈေးကွက်မှာ ယောင်ဝါးဝါးဖြစ်နေတဲ့ မန်ယူပစ်မှတ်ပြောင်းလဲ

ဩဂုတ်  ၁၅

မန်ယူဟာ အားကစားသမားခေါ်ယူဖို့ အပြောင်းအရွှေ့ဈေးကွက်မှာ ဦးစားပေးပစ်မှတ်တွေကို အရခေါ်ယူနိုင်ဖို့ကြိုးစားရင်း ‌ယောင်ဝါးဝါးအဆင့်မှာပဲရှိနေပါတယ်။ ဆန်ချိုကိုခေါ်ယူဖို့ ဒေါ့မွန်နဲ့ဆွေးနွေး နေတာ ဈေးကွက်စဖွင့်ကတည်းကပါပဲ၊ အခုအခြေအနေအရ ဆန်ချိုမန်ယူကိုမရောက်ဖို့ကသေချာတဲ့ အခြေအနေမှာရှိနေတုန်းပါ။

မန်ယူဟာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရထားတော့ အားကစားသမားတွေဖြည့်တင်းဖို့လည်း လိုပါတယ်။ ယခုနွေရာသီမှာ အဓိကပစ်မှတ်က ဒေါ့မွန်ကဆန်ချိုပါ။ ပြီးရင် အက်စ်တွန်ဗီလာက ကွင်းလယ် ကစားသမား ဂရီလစ်ပါ။ ဗီလာတို့ကလည်း ပရီးမီးယားလိဂ်မှာတင်ကျန်နေတော့ ဂရီလစ်ကို ရောင်းထုတ်မှာ မဟုတ်လောက်ပါဘူး။ ဒါကြောင့် အက်စတွန်ဗီလာတို့က ဂရီလစ်အတွက် ပေါင် ၈၀ သန်းရမှရောင်းမယ်လို့ ကြေညာထားပါတယ်။ 

ဒီအပြောင်းအရွှေ့ကြေးဟာ မန်ယူအတွက်စွန့်စားမှုလုပ်ရမှာဖြစ်နေပါတယ်။ ဆန်ချိုကိုကြေးကြီးကြီးဝယ်ပြီး ဂရီလစ်ကိုဝယ်ဖို့တော့ အခြေအနေပေးနိုင်တော့မှာမဟုတ်ပါဘူး။ အခြေအနေ တွေကြောင့် မန်ယူဟာ အေဂျက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဗန်ဒီဘိခ့်ကို ဦးစားပေးခေါ်ယူဖို့ပစ်မှတ်ထားနေပါ တယ်။
ဗန်ဒီဘိခ့်ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီတုန်းက အေဂျက်အသင်းနဲ့အတူ ချန်ပီယံလိဂ်မှာတောက်ပခဲ့တဲ့ ကစားသမားပါ။

ခုနွေမှာတော့အသင်းကနေထွက်ခွာခွင့်ပြုဖွယ်ရှိနေတာပါ။ ဆိုးရှားလ်ကလည်း အသက် ၂၃ နှစ်သာရှိသေးတဲ့ ဂရီလစ်ကို ပေါ့ဘာ၊  ဖာနန်ဒက်စတို့နဲ့ တွဲကစာစေချင်တာကြောင့် ခေါ်ယူချင်တဲ့ဆန္ဒ ရှိနေတာပါ။ ဗန်ဒီဘိခ့်ဟာ ဂရီလစ်ထက် ဥရောပအတွေ့အကြုံပိုများပါတယ်။ ချန်ပီယံလိဂ်ကစားရမယ့် မန်ယူအတွက်ပိုအဆင်ပြေနိုင်ပါတယ်။ ပြောင်းရွှေ့ကြေးဈေးနှုန်းကလည်း ပေါင် ၄၀ သန်းဆိုတော့ မန်ယူတို့ ကွင်းလယ်အတွက် ဗန်ဒီဘိခ့်ကိုသာ ပစ်မှတ်ပြောင်းလဲခေါ်ယူဖြစ်မယ်လို့ထင်ပါတယ်။                             

(SO)






အခြားဆက်စပ်သတင်းများ