နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းမတော်မြို့နယ် UMFCCI တွင် 9th Bouncing Back Policy Actions for COVID-19 Economic Recovery (PACER) Dialogue ကျင်းပ

ရန်ကုန်၊ ဩဂုတ် ၁၅

လမ်းမတော်မြို့နယ် UMFCCI  တွင် “Accelerating Digital Financial Services and Infrastructure” ခေါင်းစဉ်ဖြင့် 9th Bouncing Back Policy Actions for COVID-19 Economic Recovery (PACER) Dialogue အား ဩဂုတ် ၁၃ ရက်၊ မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့် ကျင်းပခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ်မှ တွဲဖက်အကျိုးဆောင်စာရင်းစစ် ဒေါက်တာတင်လတ်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးမိုးကျော်တို့ တက်ရောက် ခဲ့သည်။

အဆိုပါ 9th PACER Dialogue အား အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ BIMP-EAGA, IMT-GT and GMS Capacity Building Program (B-I-G Program) မှ ဦးစီး၍ ကျင်းပခြင်းဖြစ်ပြီး ကိုဗစ်ကာလအလွန် New Normal ကာလတွင် ဒီဂျစ်တယ်ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်နိုင်ရေးအတွက် မူဝါဒဆိုင်ရာ လုပ်ဆောင်ချက်များနှင့်စပ်လျဉ်း၍ Singapore University of Social Sciences မှ Professor Dr. David LEE KuoChuenမှ Power Point Presentation ဖြင့် ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် Korea Financial Telecommunications and Clearings Institute (KFTC) ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးစင်တာမှ အထွေထွေမန်နေဂျာ Mr. Hae-Rok Ko မှ “KFTC’s Centralized Digital Payment System – Extended to Open Banking Platform” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့သည်။

အဆိုပါ 9th PACER Dialogue သို့ အသင်းချုပ်မှ တွဲဖက်အကျိုးဆောင်စာရင်းစစ် ဒေါက်တာတင်လတ် နှင့် ဗဟိုအလုပ်အမှုဆောင် ဦးမိုးကျော်တို့ တက်ရောက်ခဲ့ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။

ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ