နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂူဂဲလ်၏ အန်းဒရိုက်စမတ်ဖုန်းများတွင် မြေငလျင်ထောက်လှမ်းနိုင်တော့မည်

ဩဂုတ်     ၁၄


ဂူဂဲလ်၏ အန်းဒရိုက်စမတ်ဖုန်းများသည် သြဂုတ် ၁၁ ရက်ကစပြီး ကမ္ဘာတဝန်းက ငလျင်များကိုထောက်လှမ်း နိုင်တော့မည်။ ငလျင်လှုပ်ခြင်းမစတင်မီ စက္ကန့်ပိုင်းအတွင်း မိမိကိုယ်ကိုယ်ကာကွယ်နိုင်ရန် ငလျင်ဗဟိုချက်ဖြင့် ဝေးသည့်နေရာက လူများအပျက်အစီးနှင့်ဒဏ်ရာရခြင်းလျှော့ချရန် ရည်မှန်းထုတ်လုပ်ထားသည်။

ဂျပန်၊ မက္ကဆီကိုနှင့် အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ်များက သတိပေးချက်များထုတ်လွှင့်ရန် မြေပြင်အခြေစိုက်အာရုံခံစနစ်များကိုသုံးနှင့်ပြီးပြီဖြစ်သည်။

စမတ်ဖုန်းများကို ငလျင်တိုင်းကိရိယာအသေးစားအဖြစ် ပုံပြောင်းနိုင်ခြင်းသည် အကြီးစားတိုးတက်မှု ဟုလည်း ငလျင်ပညာရှင်များက ပြောသည်။ ကမ္ဘာတဝန်းတွင်စမတ်ဖုန်းနှင့် တက်ဘလက် သန်း ၂၅၀၀ ကျော် သည် ဂူဂဲလ်၏ အန်ဒရိုက်လည်ပတ်မှုစနစ်ကိုအသုံးပြုထားသော်လည်း ဂူဂယ်၏ ပလေးဆားဗစ် ဆော့ဖ်ဝဲလ်ကို တားမြစ်ပိတ်ပင်ထားသည့် တရုတ်နိုင်ငံအပါအဝင်ဒေသအချို့တွင်ထိုစနစ်ကို အသုံးပြုနိုင်မည်မဟုတ်ပေ။ 

ဂူဂဲလ်သည် အဆိုပါ စီမံကိန်းများကို အမေရိကန်အပါအဝင် ကမ္ဘာ့ဈေးကွက်တဝက်နီးပါးကို ရထားသည့် အန်းဒရိုက်၏ ပြိုင်ဘက်အက်ပဲလ်နိုင်ငံတကာကော်ပိုရေးရှင်းနှင့်မဆွေးနွေးရသေးကြောင်း ဂူဂဲလ်၏ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာက ပြောထားသည်။

(HWY)






အခြားဆက်စပ်သတင်းများ