နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Vivo မှ အသစ်ထပ်မံထုတ်လုပ်ထားသော S 1 PRIME LIMITED EDITION စမတ်ဖုန်းများဝယ်ယူရရှိနိုင်ပြီ

ရန်ကုန်   ဩဂုတ်  ၁၄


ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် Vivo မှ ၂၁ ရာစုလူငယ်များအတွက်အသုံးပြုရန် ခေတ်မီဆန်းသစ်ပြီးအရောင်အသွေးစုံသည့် Limited Edition S1 Prime  ပြည်တွင်းဈေးကွက်သို့ ရောက်ရှိ လာပြီဖြစ်သည်။


Vivo S1 Prime ကို မြန်မာလူငယ်များအတွက် စတိုင်လ်နှင့်ဖက်ရှင်ကျလှပစေရန်ရည်ရွယ်ပြီး Nebula နှင့် Jade Black တို့အား ထူးခြားဆန်းပြားသည့်အရောင်များဖြင့်ထွက်ရှိလာပြီဖြစ်သည်။ အဆိုပါစမတ်ဖုန်းအသစ်တွင် AI နည်းပညာဖြင့်ထောက်ပံ့ပေးထားသော Face Beauty Pose Master နှင့် Super Night Selfie Cameras နည်းပညာများစွာပါဝင်ပြီး အသုံးပြုသူ၏ ရှုထောင့်နှင့်နောက်ခံအလင်းရောင်များကို ချိန်ညှိနိုင်သလို နမူနာကိုယ်ဟန်အနေအထားများကိုပါ ပြသပေးနိုင်ကြောင်း သိရသည်။


"ကျွန်တော်တို့ဟာ မြန်မာလူငယ်တွေရဲ့တောက်ပတဲ့စတိုင်လ်တွေနဲ့ကိုက်ညီမှုရှိဖို့အတွက် အခုလိုမျိူး S1 Prime ကိုထူးခြားဆန်းပြားတဲ့အရောင်တွေနဲ့မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။ အခုလိုအဆင့်မြှင့်တင်ထားတဲ့အရောင်အမျိူးအစားအသစ်တွေနဲ့အတူ ခေတ်မီဆန်းသစ်တဲ့စမတ်ဖုန်းများစွာနဲ့ မြန်မာလူငယ်တွေအတွက် ဈေးနှုန်းချိုသာတဲ့စမတ်ဖုန်းတွေကို မိတ်ဆက်သွားရင်း စမတ်ဖုန်းလောကကို တစ်ဆစ်ချိူးပြောင်းလဲလိုပါ တယ်"ဟုပြောကြားခဲ့သည်။


S1 Prime တွင် 16 MP ရှေ့ကင်မရာနှင့်နောက်ဘက်တွင် 48 MP (ပင်မကင်မရာ)+ 8 MP ( မြင်ကွင်းကျယ် ကင်မရာ) + 2 MP Macro ကင်မရာ + 2MP (အနီးကပ်ရိုက်နိုင်သည့်ကင်မရာ)တို့ပါဝင်ပြီး စိန်ပွင့်ပုံစံကင်မရာ ဒီဇိုင်းဖြစ်သည်။ သုံးစွဲသူများအနေဖြင့် သြဂုတ် ၁၅ ရက်နေ့မှစတင်၍ ဖုန်းအရောင်းဆိုင်များတွင် မြန်မာငွေကျပ် ၃၈၉,၈၀ဝကျပ်ဖြင့် ဈေးနှုန်းချိူသာစွာဝယ်ယူရရှိနိုင်ပြီဖြစ်သည်။                


အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ