နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘေရွတ်မြို့ပေါက်ကွဲမှုတွင် ပျက်စီးခဲ့သည့် စားသောက်ဆိုင်အတွက် အမေရိကန်ဒေါ်လာ ၅၀၀၀ လှူဒါန်းပေးခဲ့သည့် ရပ်ဆဲလ်ခရိုး

ဘေရွတ်၊ ဩဂုတ် ၁၄


တုန်လှုပ်ချောက်ချားစရာ ဘေရွတ်မြို့ပေါက်ကွဲမှုကြောင့် ပြိုလဲ၊ ပျက်စီးခဲ့သည့် နာမည်ကျော် စားသောက်ဆိုင်ကို ပြန်လည်ထူထောင်ရန် ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ရပ်ဆဲလ်ခရိုးက အမေရိကန် ဒေါ်လာ ၅၀၀၀ လှူဒါန်းပေးခဲ့သည်။ Le Chef စားသောက်ဆိုင်မှာ ပေါက်ကွဲမှုဖြစ်ပွားရာနေရာနှင့် အနီးဆုံး ခရိုင်တွင် တည်ရှိသည်။ Le Chef စားသောက်ဆိုင်ကို ပြင်ဆင်တည်ဆောက်ရန်အတွက် ရုပ်ရှင်ဒါရိုက်တာ အက်မန်ဒါဘိုင်လီ နှင့် ဂျာနယ်လစ်ရစ်ချက်ဟောတို့က ရန်ပုံငွေလှုပ်ရှားမှု စတင်ခဲ့ကြသည်။ 


အမေရိကန်ဒေါ်လာ ၁၃၀၀၀ ရရန်သာ ရည်မှန်းခဲ့သော်လည်း ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ရက်ဆဲလ်ခရိုးက ရက်ရောစွာဖြင့် အမေရိကန်ဒေါ်လာ ၅၀၀၀ လှူဒါန်းပေးခဲ့ခြင်းကြောင့် တစ်ရက်အတွင်း ရန်ပုံငွေ ၁၃၀၀၀ ပြည့်သွားခဲ့သည်။ သို့သော် Le Chef စားသောက်ဆိုင်ကို ပြန်မဖွင့်နိုင်သေးမချင်း စားသောက်ဆိုင်ဝန်ထမ်းများကို ထောက်ပံ့ပေးရန်အတွက် ရန်ပုံငွေလက်ခံသွားမည်ဟု ရန်ပုံငွေအစီအစဉ် စတင်သူများက ပြောသည်။ ဘေရွတ်မြို့ဆိပ်ကမ်းတွင် မလုံမခြုံ သိုလှောင်ထားသည့် အမိုးနီးယန်းနိုက်ထရိတ် ၂၇၀၀ ကျော်ကြောင့်  သြဂုတ်လ ၄ ရက်က  ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၀၀ ကျော်၊ ဒဏ်ရာရသူ ၅၀၀၀ ကျော် ရှိခဲ့သည်။                                                                                                                           


KNT






အခြားဆက်စပ်သတင်းများ