နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးနှင့် ယူအေအီးနိုင်ငံကြား သမိုင်းဝင်သဘောတူစာချုပ်ချုပ်ဆို

ဂျေရုစလင်၊ ဩဂုတ် ၁၄


သိမ်းပိုက်ခံအနောက်ကမ်းပါး တစ်စိတ်တစ်ဒေသတွင် အချုပ်အခြာအာဏာ သက်ရောက်စေမည့် အငြင်းပွားဖွယ်အစီအစဉ်ကို အစ္စရေးနိုင်ငံက ဆိုင်းငံ့ရန် သဘောတူညီခဲ့ပြီးနောက် အစ္စရေးနှင့် ယူအေအီးနိုင်ငံ ကြား ပုံမှန်ဆက်ဆံရေးတည်ဆောက်ရန် သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။ အစ္စရေးနှင့် ယူအေအီးနိုင်ငံ များက အဆိုပါစာချုပ်ကို သမိုင်းဝင်စာချုပ်၊ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည့် လမ်းစသစ်တစ်ရပ် ဟု မှတ်ချက်ပေးခဲ့ကြကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အစ္စရေးနှင့် ယူအေအီးနိုင်ငံကြား သမိုင်းဝင်စာချုပ်ချုပ်ဆိုနိုင်ရန် ဒေါ်နယ်ထရမ့်က ကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်သည်။ အစ္စရေးနိုင်ငံမှာ စာချုပ်မချုပ်ဆိုနိုင်မီ အချိန်အထိ ပင်လယ်ကွေ့ဒေသအာရပ်နိုင်ငံများနှင့် သံတမန် ဆက်ဆံရေး မရှိခဲ့ပေ။ 


သို့သော် အီရန်နိုင်ငံအပေါ် စိုးရိမ်ပူပန်မှုချင်း တူညီကြသည့်အတွက် အစ္စရေးနှင့် ယူအေအီးနိုင်ငံကြား တိတ်တဆိတ်ဆက်သွယ်မှု လုပ်ခဲ့ကြခြင်းဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကြေညာချက်မှာ ပါလက်စတိုင်းခေါင်းဆောင်များအတွက် အံ့အားသင့်စရာဖြစ်စေခဲ့သည်။ ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် မာမွတ်အက်ဘက်စ်က အဆိုပါစာချုပ်ကို သစ္စာဖောက်မှုဟု သမုတ်ခဲ့ပြီး ယူအေအီးနိုင်ငံဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကို ပြန်လည်ခေါ်ယူခဲ့သည်။                                                                          


KNT






အခြားဆက်စပ်သတင်းများ