နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ တစ်စက္ကန့်အတွင်း ဆုံးဖြတ်ပေးနိုင်မည့် နည်းလမ်းကို အစ္စရေးနိုင်ငံ စမ်းသပ်နေ

ဂျေရုစလင်၊ ဩဂုတ် ၁၄


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ တစ်စက္ကန့်အတွင်း ဆုံးဖြတ်ပေးနိုင်မည့် တံတွေး(သလိပ်)စမ်းသပ်မှုကို စမ်းသပ်လျက်ရှိကြောင်း အစ္စရေးနိုင်ငံ၏ အကြီးမားဆုံး ကျန်းမာရေးစင်တာက ပြောသည်။ လူနာများအနေဖြင့် ဆားရည်ဖြင့် ပလုပ်ကျင်းပြီး ခွက်ထဲသို့ တံတွေးထွေးရမည်ဖြစ်သည်။ ထို့နောက်တွင် ရောင်စဉ်လှိုင်း တိုင်းတာရေးကိရိယာငယ်ဖြင့် တံတွေးနမူနာကို မီးထိုးပြီး တုံ့ပြန်မှုကို ခွဲခြမ်းစိတ်ဖြာကာ ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ ဆုံးဖြတ်ခြင်းဖြစ်သည်။ မှတ်ဉာဏ်တုနည်းပညာကို အသုံးပြုထားခြင်းကြောင့် ပိုမိုတိကျသည်ဟု ဆိုသည်။


အဆိုပါနည်းလမ်းသစ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် အသုံးပြုလျက်ရှိသည့် PCR နမူနာထက် အသုံးပြုရလွယ်ကူသည်ဟု စမ်းသပ်မှုကို ဦးဆောင်နေသည့် ရှီဘာကျန်းမာရေးစင်တာမှ ဥတု၊ ရာသီ၊ ရေမြေဆိုင်ရာဆေးဝါးနှင့် အပူပိုင်းရောဂါများစင်တာမှ အီလီရှဝက်ဇ်က ပြောသည်။ '' ဒီနည်းလမ်းသစ်က အလားအလာကောင်းတဲ့ရလဒ်တွေ ဖော်ပြပေးနေပါတယ်။ အသုံးပြုရတဲ့ အရမ်းလွယ်ကူပြီး အရမ်းဈေးသက်သာပါတယ်''ဟု ယင်းက ဆိုသည်။ လူနာရာပေါင်းများစွာ ပါဝင်ခဲ့သည့် ကနဦးအဆင့် စမ်းသပ်မှုတွင် မှတ်ဉာဏ်တုနည်းပညာကို အခြေခံသည့် စမ်းသပ်ရေးကိရိယာက ခန္ဓာကိုယ်အတွင်းရှိ ဗိုင်းရပ်စ်၏ အထောက်အထားများကို ၉၅ ရာခိုင်နှုန်းအထိ အောင်မြင်အောင် ခွဲခြားဖော်ထုတ်ပေးနိုင်ခဲ့သည်။ 


ကိုရိုနာဗိုင်းရပ်စ် လူနာများ ပိုပြီးဖျားနာလာလေလေ၊ သလိပ်အတွင်းရှိ ဗိုင်းရပ်စ်ပမာဏ ပိုများလာလေလေ ဖြစ်ကြောင်း ဂျေရုစလမ်မြို့ရှိ ဟီဘရူးတက္ကသိုလ်မှ မော်လီကျူးဗိုင်းရပ်စ်ဗေဒ ကျွမ်းကျင်ပညာရှင် အေမို့စ်ပါနက် က ပြောသည်။ အဆိုပါစမ်းသပ်မှုနည်းလမ်းသစ်၏ အကြီးမားဆုံးစိန်ခေါ်မှုမှာ  ဗိုင်းရပ်စ် ရှိသယောင်၊ မရှိသယောင် ဖြစ်နေသူများကို စမ်းသပ်ရေးဖြစ်သည်ဟု ယင်းက ဆိုသည်။ စက်တစ်လုံးကို အမေရိကန်ဒေါ်လာ ၂၀၀ အောက်သာ ကုန်ကျပြီး စမ်းသပ်မှုတစ်ခုလျှင် ၂၅ စင့်မျှသာ ကုန်ကျသည်ဟု ဆိုသည်။                       


KNT






အခြားဆက်စပ်သတင်းများ